Zhuhen Refreshing Shampoo
ဇူးကျိန်းခေါင်းလျှော်ရည်

22100 ks

Product Description

Zhuzen အမှတ်တံဆိပ် ခေါင်းလျှော်ရည်တွင် သဘာဝဝါး၏ အဆီအနှစ်၊ ဆံနွယ်ကို တောက်ပစေပြီး ဘောက်ကင်းစင်စေသည့် ဖော်မြူလာဖြင့် ထုတ်လုပ်ထားပါသည်။ ဝါးပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်ပြီး ရေဓာတ်အလွန်ပြည့်ဝသောအပင်မျိုးဖြစ်သည်။

ဝါးရွက်သည် သင့်ဆံကေသာကို လင်းလက်တောက်ပစေခြင်း၊ စိုပြေသစ်လွင်စေခြင်းနှင့် အာဟာရဖြည့်ပေးနိုင်သည့် အစွမ်းရှိသည်။
ဝါးရွက်၏ အဆီအနှစ်တွင် အပင်၏ Flavonoids၊ အမိုင်နိုအက်ဆစ်နှင့် ဗီတာမင်များ အမြောက်အများပါဝင်သဖြင့် ဆံပင်အတွက် အစိုဓာတ်ကို ထိန်းပေးခြင်း၊ ဆံပင်ကျွတ်ခြင်းကို ရပ်တန့်စေခြင်း၊ ကြမ်းတမ်းသော ဆံနွယ်များမဖြစ်အောင် ကာကွယ်ပေးပြီး ယားယံမှုကို သက်သာပျောက်ကင်းစေသော အရာများ ပါဝင်သည်။

ထို့ပြင် ဘောက်များသေစေပြီး ခေါင်းလျှော်ပြီးနောက် သင့်ကို လန်းဆန်းမှုနှင့် သက်တောင့်သက်သာဖြစ်စေသည်။ ထို့အတူ သင့်ဆံကေသာအတွက် လိုအပ်သော အာဟာရဓာတ်များကို ဖြည့်ဆည်းပေးခြင်းနှင့် ပျက်စီးနေသော ဆံနွယ်များကို ပြန်လည်ပြုပြင်ပေးနိုင်သည့် အစွမ်းအာနိသင်များပါဝင်သည်။

အကျိုးအာနိသင်များ

  •  ဗောက်ပျောက်စေသည်။
  •  ယားယံခြင်းကို သက်သာစေသည်။ ဆံကေသာများ အေးမြပြီး လန်းဆန်စေသည်။
  •  ပျက်စီးနေသော ဆံပင်များကို နဂိုတိုင်း ပြန်ဖြစ်လာအောင် ပြုပြင်ပေးသည်။
  •  ရေဓာတ်သည် ထိန်းချုပ်ပေးပြီး၊ ဆံကေသာများကို တောက်ပနူးညံ့စေသည်။
  •  မည်သည့်ဆံပင်မျိုးမဆို သုံးစွဲရန် သင့်တော်သည်။
  •  ဆံပင်ကျွတ်ခြင်းကို သက်သာစေသည်။