Zhuzhen Liquid Soap
ဇူးကျိန်းလက်ဆေးဆပ်ပြာဆီ

10000 ks

Product Description

လက်ကိုအထပ်ထပ်ဆေးကြောခြင်းကြောင့် သင့်လက်အရေပြားခြောက်သွေ့ကြမ်းတမ်းနေပါသလား။ ခြောက်သွေ့တဲ့ရာသီဥတုကြောင့် သင့်လက်များ အစိုဓာတ် ဆုံးရုံးနေပါသလား။ အသက်အရွယ် ကြီးရင့်လာမှုကြောင့် သင့်လက်ရဲ့အသားအရေ လျော့တိလျော့ရဲဖြစ်လာပြီး အရေးအကြောင်းများဖြစ်နေပါသလား။

လက်များသည် ကျွန်ုပ်တို့၏ ဒုတိယမျက်နှာစာဖြစ်သဖြင့် မိမိတို့၏မျက်နှာကို ဂရုစိုက်သကဲ့သို့ မိမိတို့၏လက်များကိုလည်းဂရုစိုက်ရန်လိုအပ်ပါသည်။

New Era Health Industry Groupမှထုတ်လုပ်သည့် Zhuzhen အမှတ်တံဆိပ် လက်ဆေးဆပ်ပြာဆီတွင် အရေပြားကို ထိခိုက်မှုလုံးဝမရှိ၊ နူးညံ့စေသည့် အာနိသင်ထက်မြက်သည့် အပင်တို့၏အဆီအနှစ်များ ပါဝင်သည်။ သင့်အရေပြားတွင် ကပ်ငြိနေသော အညစ်အကြေးများ၊ ဆီချေးများ၊ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကို ထိရောက်စွာ ဖယ်ရှားပေးနိုင်သည့်အပြင် SPA အတွက် အကောင်းဆုံးနှင့်အသင့်တော်ဆုံးဖော်စပ်ထားသဖြင့် သင့်လက်အရေပြားကို ကျန်းမာစေခြင်းနှင့် နူးညံ့စိုပြေစေပါသည်။

အရေပြားကို သန့်ရှင်းစေသည့် အစွမ်းထက်အပင်များ၏လုပ်ဆောင်မှု
အာနိသင်ထက်မြက်သည့် ကောက်နှံပင်များ၏ အဆီအနှစ်များ ပေါင်းစပ်ပါဝင်ခြင်းကြောင့် သင့်အရေပြားတွင် ကပ်ငြိနေသောအမှုန်အမွှားများ၊ ဆီချေးနှင့် အညစ်အကြေးများကို နူးညံ့ညင်သာစွာ သန့်စင်ဖယ်ရှားပေးနိုင်ပြီး အထူးသန့်စင်ကြယ်စေပါသည်။အသားအရေကို ထိခိုက်အောင် လှုံဆော်ခြင်းမျိုး မပြုလုပ်ဘဲ ရေဓာတ်ပါဝင်မှုကို ညီမျှစေသည်။

ဝါးရွက်၏အဆီအနှစ်

ဝါးမှဘက်တီးရီးယားများပေါက်ပွားမှုကို ဟန့်တားနိုင်သော အဆီအနှစ်ကို အသုံးပြု၍ ဖြည့်စွက်ထားသဖြင့် အရေပြားတွင် ကပ်ငြိခိုအောင်းနေသည့် မှိုများနှင့် ကပ်ပါးပိုးများကို သန့်စင်ဖယ်ရှားနိုင်သည်။ဓာတ်မတည့်ခြင်းကို ကာကွယ်ပေးပြီး အသားအရေကို ထိခိုက်စေခြင်းမရှိပါ။

အုန်းဆီ၏အရေပြားစိုပြေစေမှု

ဇူးကျိန်းလက်ဆေးဆပ်ပြာဆီတွင် အုန်းဆီကို အထူးထည့်သွင်းထားသဖြင့် လက်ဆေးပြီးနောက် အရေပြား အစိုဓာတ်ကိုထိန်ပေးခြင်း၊ ချောမွေ့စေခြင်းတို့ကြောင့် လက်ဆေးရုံဖြင့် သန့်ရှင်းစင်ကြယ်စေရုံသာမက အရေပြားကိုပါ ကာကွယ်ထိန်းသိမ်းပြီးဖြစ်သည်။

အကျိုးအာနိသင်များ

  •  သင့်အရေပြားကိုထိခိုက်မှုမရှိ နူးညံ့စိုပြေစေပါသည်။
  •  အမြှုပ်ထလွယ်သည်။
  •  ဆီးချေးများကိုထိရောက်စွာ ချွတ်ပေးနိုင်သည်။
  •  ဘက်တီးရီးယားများကိုသေစေသည်။
  •  ပတ်ဝန်းကျင်ကိုညစ်ညမ်းမှုကို ကာကွယ်ပေးသည်။
  •  ဝါး၏သင်းရနံ့ပါဝင်ခြင်းကြောင့် အသားအရေကိုအေးမြသည်။
  •  လွယ်ကူစွာဆေးကြောနိုင်ခြင်းကြောင့် ရေသုံးစွဲခြင်းကို ချွေတာပေးသည်။