Zhuzhen Concentrated Multi-purpose Cleanser
ဘက်စုံသုံးသန့်စင်ဆေးရည်

Product Description

Zhuzhen Concentrated Multi-purpose Cleanser သန့်ရှင်းရေးနှင့် ကာကွယ်ရေးအတွက်ပါ အသုံးပြုနိုင်သည့် ဇူးကျိန်းအမှတ်တံဆိပ် ဘက်စုံသုံးသန့်စင်ဆေးရည် Zhuzhen ဘက်စုံသုံးသန့်စင်ဆေးရည်တွင် ဆီချေးညစ်ညမ်းမှုမှ ဟန့်တားပြီး သန့်စင်စေသည့် ဘက်စုံလုပ်ဆောင်မှုစနစ်ပါရှိသဖြင့် သန့်စင်နိုင်သည့်အစွမ်း 99.7% အထိရှိသည်။

ဆေးဖက်ဝင်အပင်များဖြစ်သော ဝါးရွက်၏အဆီအနှစ်၊ သံပုရာသီးအခွံနှင့် ရှင်သန်အားကောင်းသည့် ဇီဝအင်ဇိုင်းတို့ ပါဝင်သဖြင့် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ခြင်း၊ လက်အရေပြားပူလောင်ကျိန်းစပ်မှုမရှိ၊ ကျန်းမာစေခြင်းနှင့် လက်ကိုစောင့်ရှောက်ပေးခြင်း၊ ကော့စတစ်ဆိုဒါ လုံးဝမပါဝင်ခြင်း၊ လုံခြုံစိတ်ချမှုရှိပြီး အဆိပ်အတောက်မရှိကြောင်း လက်တွေ့စမ်းသပ်စစ်ဆေးပြီး ခံတွင်းအရေပြားနှင့် လက်စားစေခြင်း၊ ပေါက်ပြဲစေခြင်း လုံးဝမရှိကြောင်းအသိအမှတ်ပြုလွှာများ ရရှိပြီးဖြစ်သည်။

သန့်စင်ခြင်းအတွက် အခြေခံကျသော အဆင့်၃ဆင့်ဖြစ်သည့် ပရိုတင်းနှင့် ပက်တိုက်(peptide) ကိုချေဖျက်စေသော အင်ဇိုင်း၊ သံပုရာသီးအခွံမှ ရရှိသော D-Limonene နှင့် APG စသည့် အစွမ်းအာနိသင် ထက်မြက်သောပစ္စည်းများ ပေါင်းစပ်ထုတ်လုပ်ထားသဖြင့် မာကျောသော မျက်နှာပြင်များပေါ်ရှိ ဆီချေးအညစ်အကြေးများ ဖယ်ရှားရန်အတွက် အစွမ်းအာနိသင်အလွန်ကောင်းမွန်သည်။

အိမ်နှင့်ရုံးခန်းရှိ စားပွဲ၊ကုလားထိုင်၊ကြမ်းပြင်စသည့် မာကျောသော မျက်နှာပြင်ရှိသည့် ပစ္စည်းများကိုသန့်ရှင်းစေရုံသာမက ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး အနံ့အသက်ကောင်းမွန်စေပါသည်။ သန့်ရှင်းနေစဥ်တွင် မမြင်နိုင်သောကာကွယ်ရေးအလွှာပါးက သန့်ရှင်းရေးပြုလုပ်နေသည့် မာကျောသည့် ပစ္စည်းများ၏မျက်နှာပြင်တွင် ဖြစ်ပေါ်ပြီး စွန်းထင်းခြင်းနှင့် ညစ်ပေခြင်းကို ဟန့်တားပေးသည်။

ဝါးရွက်၏အဆီအနှစ်

ဝါးရွက်များတွင် အောင်စီဂျင်၏ဓာတ်တိုးမှုကို ခုခံနိုင်ခြင်း၊ ဖရီးရယ်ဒီကယ်ကို တိုက်ဖျက်နိုင်ခြင်း၊ ရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်ကို ခုခံနိုင်ခြင်းနှင့် ဘက်တီးရီးယားကိုကာကွယ်နိုင်သည့် အစွမ်းရှိသည်။ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေသော အီကိုလိုင်ဘက်တီးရီးယားကို ကာကွယ်နိုင်သည့်အစွမ်းရှိသည်။

ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေသော အီကိုလိုင်ဘက်တီးရီးယားနှင့်အသက်ရှူလမ်းကြောင်းမှတဆင့် ဝင်ရောက်တက်သော နမိုးနီးယားကဲ့သို့သော ဖျားနာခြင်းကို ဖြစ်စေတတ်သည့် Staphyllococcus aureus ဘက်တီးရီးယားကဲ့သို့သော ရောဂါဖြစ်စေသည့် ဘက်တီးရီးယားများကို ကောင်းစွာဟန့်တားနိုင်သည်။

ဘက်စုံအသုံးဝင်မှုနှင့် အစွမ်းထက်မြက်မှု
  • မီးဖိုချောင်ကို အထူးသန့်ရှင်းစေရုံသာမက ပစ္စည်းအမျိုးမျိုးနှင့် ဆီချေးပေကျံနေမှုများကို သန့်ရှင်းစေခြင်း၊
  • ဆီချေးအထပ်ထပ် ညစ်ပေနေမှုနှင့် အဆီမျိုးစုံ စွန်းထင်းနေမှုများကို အလွယ်တကူဖယ်ရှားနိုင်ခြင်း၊
  • ပရိဘောဂ၊ အသုံးအဆောင်ပစ္စည်းများ၏ မျက်နှာပြင်ကို ကုတ်ခြစ်တိုက်ချွတ်ရန် မလိုခြင်း၊
  • ဘက်တီးရီးယားများကို ဖယ်ရှားနိုင်ခြင်းနှင့် ဟန့်တားနိုင်ခြင်း၊
  • မာကျောသောပစ္စည်းများ၏ မျက်နာပြင်ကို သန့်စင်စေခြင်း၊
  • ကျိန်းစပ်ခြင်းနှင့် လက်ကိုစားခြင်း/ပေါက်ခြင်း လုံးဝမဖြစ်စေခြင်း၊ စွမ်းအင်ချွေတာခြင်း၊
  • သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ခြင်း၊ အဆိပ်အတောက်မရှိ လုံခြုံစိတ်ချရခြင်း၊
  • လက်ကိုမထိခိုက်စေခြင်း၊ ရနံ့သင်းပြီး အနံ့အသက်ဆိုးများကို ဖယ်ရှားပေးခြင်း၊
  • အရောင်မကျစေခြင်းနှင့်အရောင်ပြန်တင်ပေးခြင်း၊
  • အန္တရာယ်မရှိ လျင်လျင်မြန်မြန် အသုံးပြုနိုင်ခြင်း။