ကော်ကျိန်းနှမ်းကြတ်ဆီတွင်ပါဝင်သော Lignan ဓာတ်သည် ကောင်းမွန်သည့် အကျိုးများစွာရရှိစေပြီး အမျိုးသမီးများ ရာသီလာချိန်တွင် ခံစားရသော ဝေဒနာများ သက်သာခြင်းနှင့် အမျိုးသားများ၏ ဆီးကြိတ်နာကျင်မှုများကို လျော့ကျစေသည်။
အေးသောနေရာများ၌ ထားရှိသင့်ပြီး ဟင်းလျာများကို ကောင်းမွန်သည့် အရသာနှင့် အရောင်အဆင်း ဆွဲဆောင်မှုရှိစေရုံသာမက အာဟာရပြည့်မီစေ၍ ကျန်းမာရေးနှင့်ညီညွတ်စေသည်။
အာဟာရပြည့်မီခြင်းနှင့် အရသာရှိသည့်အပြင် ပေါင်မုန့်ပေါ်တွင်လူးစားခြင်း သို့မဟုတ် နွားနို့ သို့မဟုတ် ဖျော်ရည်များတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။ ထို့အပြင် တိုက်ရိုက်သောက်သုံးခြင်းလဲပြုနိုင်သည်။
အကျိုးအာနိသင်များ
FDA ထောက်ခံချက်
လွန်ခဲ့သောနှစ်ပေါင်း ၃၀ကျော်က တရုတ်နိုင်ငံရှိ Huining မြို့ငယ်လေးသည် ထူးချွန်သူပညာရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းကို စူးစမ်းလေ့လာခဲ့ရာမှ နေ့စဉ်နှမ်းကြတ်စေ့အဆီကို စားသုံးနေကြောင်း သိရှိခဲ့ရသည်။ ထို့နောက် ပီကင်းပြည်သူ့ ကျန်းမာရေးတက္ကသိုလ်ရှိ အာဟာရနှင့် အစားအစာ အလေ့အထဌာန ပါမောက္ခဖြစ်သူ Lin Xiaoming နှင့် အစားအစာ သိပ္ပံပညာနှင့် နည်းပညာ အဖွဲ့အစည်း၏ လက်ထောက် ဒါရိုက်တာဖြစ်သူ ပါမောက္ခ Huang Shengming တို့က ” နှမ်းကြတ်စေ့အဆီသည် အဆီအက်ဆစ် ကြွယ်ဝပြီး ဦးနှောက်စွမ်းရည် တိုးတက်ခြင်း၊ မှတ်ဉာဏ်ကောင်းမွန်ခြင်း၊ မျက်စိအမြင်
ကို ကာကွယ်ပေးခြင်းနှင့် ကောင်းစွာ အိပ်ပျော်စေခြင်းတို့ကို ပြုလုပ်ပေးပါသည်။ ထို့ပြင် ဦးနှောက်တိုးတက်မှု အတွက် အရေးကြီးသော ကဏ္ဍတစ်ရပ် အဖြစ်လည်းဆောင်ရွက်ပေးပါသည်” ဟုဖော်ထုတ်ပြောဆိုခဲ့သည်။
နှမ်းကြတ်စေ့အဆီတွင်ပါဝင်သော linolenic အက်ဆစ်သည် ၂၄% အထိမြင့်မားပါသည်။ နာမည်ကျော် အာဟာရပညာရှင် ဒေါက်တာ Xi Mu က ဦးနှောက် ပိုမိုကောင်းမွန်စေရန်အတွက် နှမ်းကြတ်စေ့အဆီထက်ကောင်းတာ ဒီမြေမှာမရှိပါဘူးလို့ မှတ်ချက်ပေးခဲ့သည်။
ဦးနှောက်အတွက် အပင်အားဆေး – a- linolenic အက်ဆစ်
နှမ်းကြတ်စေ့အဆီတွင် မပြည့်ဝသည့်အဆီအက်ဆစ် ၈၀% နှင့် 3 ကို လက်စထရောဖြစ်ပေါ်မှုကို အားမပေးသော အဆီအက်ဆစ်တွင် a-linolenic အက်ဆစ်၊ EPA၊ DHA။ စသည့်တို့ပါဝင်သည်။ a- linolenic အက်ဆစ်သည် ဦးနှောက်ဆဲလ်များအတွက် အရေးကြီးသည့် အရာတစ်ခုဖြစ်သည်။
ထိုအရာကို ခန္ဓာကိုယ်မှထုတ်ယူနိုင်ခြင်းမရှိပဲ အစားအစာမှသာ ရရှိနိုင်ပါသည်။ a- linolenic အက်ဆစ်သည် EPA နှင့် DHA အဖြစ်သို့ ပြောင်းလဲပြီးမှသာလျှင် အန္ဓာကိုယ်မှ စုပ်ယူနိုင်ပါသည်။
သင့်နှလုံးနှင့် ဦးနှောက်ကို စောင့်ရှောက်ခြင်း -a- linolenic အက်ဆစ်တွင် EPA ပါဝင်ပြီး lipoproteion သိပ်သည်းမှုကို တိုးမြှင့်ပေးခြင်း၊ သွေးဖိအားကို နည်းစေခြင်း၊ သွေးကြောပိတ်ခြင်းကို တားမြစ်ပေးခြင်း၊ myoccardial infarction နှင့် ဦးနှောက်နှင့်ဆိုင်သော infarcition ကိုကာကွယ်ပေးခြင်း၊ ဦးနှောက်နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို စောင့်ရှောက်ပေးခြင်းတို့ကိုပြုလုပ်ပေးပါသည်။
ဦးနှောက်စွမ်းရည် တိုးတက်စေခြင်း – a- linolenic အက်ဆစ်တွင် DHA အများအပြား ပါဝင်ပြီး အာရုံကြော ဆဲလ်များကြီးထွားခြင်းနှင့် ထိန်းသိမ်းခြင်းအတွက် အရေးကြီးသော အရာတစ်ခုဖြစ်ပါသည်။ DHA သည် ဦးနှောက်ဆဲလ်နှင့် မျက်စိအာရုံခံလွှာကို ပြည့်ဝစေကာ စိတ်ပိုင်းဆိုင်ရာ အမြင်ပိုင်းဆိုင်ရာကို တိုးတက်မှုအတွက် မရှိမဖြစ်အရေးပါလှပါသည်။
Guozhen နှမ်းကြတ်စေ့အဆီသည် ကိုလက်စထရောဖြစ်ပေါ်မှုကို အားမပေးသော ဟင်းသီးဟင်ရွက် အဆီဖြင့် ထုတ်လုပ်ထားပြီး အက်ဆစ်ဓာတ်ကြွယ်ဝစေသော ဟင်းလျာအေးများအတွက် အထူးသင့်လျော်ပေသည်။ မွန်ဂိုးလီးယားရှိ Prairie မြက်ခင်းပြင်ဒေသမှပေါက်သော သဘာဝအဆင့်မြင့် နှမ်းကြတ်ပင်စေ့မှ ပြုလုပ်ထားပါသည်။
ခေတ်မှီအအေးခံ နည်းပညာဖြင့် သန့်စင်ပြီး နှမ်းကြတ်ပင်စေ့၏ အာဟာရဓာတ်များကို ကောင်းစွာထိန်းသိမ်းပေးထားပါသည်။ မပြည့်ဝသည့်အဆီအက်ဆစ် ၈၀% ပါဝင်ပြီး 3 ရှိ a – linolenic အက်ဆစ်တွင် ကာဗွန်အဏုမြူတွဲများပါဝင်သော (မပြည့်ဝသည့်) အဆီအက်ဆစ် ၄၅%ပါဝင်ပါသည်။
ကျန်းမာသောဘဝကို မှန်ကန်သောအဆီဖြင့် အသက်ရှင်ပါ။
ကျွန်တော်တို့နေ့စဉ်အစားအစာတွင် စားသုံးဆီမပါမှုမှာ ရှားပါးလှပါသည်။ စားသုံးဆီသုံးစွဲမှု မသင့်လျော်ပါက ကျန်းမာရေးကိုထိခိုက်စေပြီး အဝလွန်ခြင်း၊ သွေးဖိအား တက်ခြင်း၊ ကိုလက်စထရောဓာတ်များခြင်း၊ ဦးနှောက်နှင့် နှလုံးသွေးကြောရောဂါဖြစ်ခြင်း၊ ဆီးချို၊ ကင်ဆာစသည့် နာတာရှည်ရောဂါများ ရေရှည်တွင် ဖြစ်စေနိုင်ပါသည်။