Guozhen ထင်းရှူးပန်းဝတ်မှုန့်နို့မှုန့်တွင် ဝတ်မှုန်လေပေါက်ဖောက်ခြင်းနည်းပညာဖြင့် သန့်စင်ပြီး ထင်းရှူးပန်းဝတ်မှုန်နှင့် အရည်အသွေးမြင့် ကယ်လ်ဆီယမ်ဖြည့်စွက်မှုအကောင်းဆုံး ကယ်လ်ဆီယမ်ကာဗွန်နိတ်နှင့် အရည်အသွေးအကောင်းဆုံး နို့မှုန့်တို့ကို သဘာဝအတိုင်း တိကျသည့် အချိုးအစားဖြင့် ရောစပ်ထားပြီး အရည်အသွေးမြင့် ဖော်မြူလာဖြင့် ထုတ်လုပ်ထားသည်။
လူ့ခန္ဓာကိုယ်နှင့် ဉာဏ်ရည် ဖွံ့ဖြိုးကြီးထွားမှုအတွက် ကယ်လ်ဆီယမ်၏အရေးပါမှုနှင့် ထင်းရှူးပန်းဝတ်မှုန်၏ ထူးခြားသောအစွမ်းတို့ပေါင်းစပ်ထားသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ အာကာသယာဉ်မှုးများအတွက် ” အထူးကျန်းမာရေးအစားအစာ” အဖြစ် ဂုဏ်ပြုခြင်းခံရသည့် အစားအစာဖြစ်သည်။ ထင်းရှူးပန်းဝတ်မှုန်နို့မှုန့်တွင်ပါဝင်သော ကယ်လ်ဆီယမ်နှင့် ဖော့ဖရပ် အချိုးအစားသည် 1.6 : 1 သဖြင့် အလွယ်တကူ စူပ်ယူနိုင်ပြီး အသက်အရွယ်မရွေး ယုံကြည်စိတ်ချစွာ သောက်သုံးရန် အကောင်းမွန်ဆုံးဖြစ်သည်။
ထို့အပြင် ထင်းရှူးပန်းဝတ်မှုန်နို့မှုန့်တွင် သဘာဝအမျှင်ဓာတ်စာ ၄၀% ပါဝင်သဖြင့် အစာအိမ်ကျန်းမာရေးကို ကောင်းစွာ ပြုပြင်ထိန်းသိမ်းပေးသည်။
အူလမ်းကြောင်းအတွင်း အကျိုးပြု ဘက်တီးရီးယားများ ရှင်သန်တိုးပွားစေပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက်သာစေ၍ ကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးသည်။ ညီမျှသော အာဟာရဓာတ်များပါဝင်ပြီး ကိုယ်ခံအားကို တိုးတက်စေခြင်း၊ စုပ်ယူရန် လွယ်ကူသဖြင့် ကယ်လ်ဆီယမ်ဓာတ် မလုံလောက်ခြင်းကို ကောင်းမွန်စေခြင်းနှင့် စွမ်းအင်တိုးပွားစေသည်။
အဓိကပါဝင်ပစ္စည်း– ထင်းရှူးပန်းဝတ်မှုံ၊ ကယ်လ်ဆီယမ်ကာဗွန်နိတ်နှင့် အရည်သွေးအကောင်းဆုံး နို့မှုန့်
သုံးစွဲသင့်သူများ– ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုမကျန် အသက်ရွယ် အားလုံးအတွက်
ပါဝင်သည့် ပမာဏ– တစ်ဗူးတွင် ၁၈ထုပ်ပါသည်။
အာဟာရဓာတ်ကြွယ်ဝခြင်း၊ အကျိုးသက်ရောက်မှု အရှိဆုံးဖြစ်ခြင်း၊ အရည်အသွေးစိတ်ချရခြင်း၊ အရသာကောင်းမွန်ခြင်းကြောင့် Guozhen ထင်းရှူးပန်းဝတ်မှုန်နို့မှုန့်ကို ရွေးချယ်သောက်သုံးကြပါစို့။
FDA ထောက်ခံချက်
ကယ်လ်ဆီယမ်သည် လူ့ခန္ဓာကိုယ်၏ လှုပ်ရှားမှုအားလုံးနီးပါးတွင် ပါဝင်ပြီး ပုံမှန်ဇီဝကမ္မဖြစ်စဉ်များတွင် အဓိကအရေးပါသည်။ အရိုးများတွင် အဓိကပါဝင်ပစ္စည်းတစ်ခု ဖြစ်သဖြင့် ကယ်လ်ဆီယမ်သည် အရိုးတည်ဆောက်ပုံနှင့် ကြံ့ခိုင်မှုကို အကျိုးပြုသည်။ သွေးခဲရာတွင် ကယ်လ်ဆီယမ်သည် အာရုံကြောနှင့် ကြွက်သားကိုလှုံ့ဆောင်နှိုးဆွပေးပြီး ဆဲလ်များတွဲစပ်ခြင်းနှင့် ဆဲလ်အလွှားပါး ပြုပြင်ထိန်းသိမ်းခြင်းတို့တွင်လည်း အဓိကပါဝင်သည်။ အင်ဇိုင်း ဓာတ်ပြုခြင်းများကို ရှင်သန်စေနိုင်ပြီး သွေးလည်ပတ်မှု၊ အသက်ရူလမ်းကြောင်း၊ အစာချေလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ အာရုံကြော၊ ဟော်မုန်းနှင့် မျိုးပွားစနစ်များဆိုင်ရာ ကိုယ်တွင်းအင်္ဂါများ၏လုပ်ဆောင်ချက်များကိုလည်း အကျိုးပြုသည်။
သို့ရာတွင် ယနေ့ခေတ်လူအများစုသည် ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ကျန်းမာရေးနှင့် မညီညွတ်သော အစာစားသုံးမှုအလေ့အထ၊ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးခြင်းတို့ကြောင့် ကယ်လ်ဆီယမ် ချို့တဲ့မှုကို ခံစားနေရသည်။ လူတို့တွင် ကယ်လ်ဆီယမ် ချို့တဲ့မှုနှင့် ကယ်လ်ဆီယမ် စုပ်ယူရာတွင် ခက်ခဲမှုတို့အဖြစ်များလာသည်နှင့်အညီ ကယ်လ်ဆီယမ်ဖြည့်စွက်အာဟာရများ လိုအပ်လာသည်။ ကယ်လ်ဆီယမ်ချို့တဲ့မှုကို မွေးကင်းစကလေးများနှင့် ကလေးများ၊ ဆယ်ကျော်သက်အရွယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ သက်ကြီးရွယ်အိုများက ပိုမိုခံစားရသည်။ ထို့ကြောင့် ကယ်လ်ဆီယမ်ကို ဘဝတစ်လျှောက် ဖြည့်စွက်ရန် အထူးဂရုပြုရမည်ဖြစ်သည်။
သက်လတ်ပိုင်းအရွယ်တွင် လူ့ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါများသည် ထောင့်ပေါင်းစုံမှ လုပ်ဆောင်မှုအမျိုးမျိုးကြောင့် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ဝေဒနာခံစားရခြင်နှင့် အစာခြေဖျက်နိုင်အားကျဆင်းလာခြင်း၊ အရိုးပွလားခြင်းနှင့် ဝမ်းချုပ်ခြင်းကဲ့သို့သော ရောဂါဝေဒနာများကူးစက်မှုကို ခံနိုင်ရည်မရှိတော့ပေ။
ကလေးသူငယ်များတွငိ ကယ်ဆီယမ် ချို့တဲ့ပါက ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်နှေးစေခြင်း၊ ကိုယ်အလေးချိန် ကျဆင်ခြင်းနှင့် အရိုးပျော့ရောဂါများကို ဖြစ်ပွားစေပါသည်။
Guozhen ထင်းရှူးပန်းဝတ်မှုန်နို့မှုန့်၏ အရည်အသွေး မြင့်မားကောင်းမွန်မှုကြောင့် ” တရုတ်အာကာသယဉ်မှုးများအတွက အထူးကျန်းမာရေး အစားအစာ” အဖြစ်တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ အမျိုးသား ကြီးကြပ်စစ်ဆေးရေးအဖွဲ့အစည်းမှ အသိအမှတ်ပြု ဂုဏ်ပြုခြင်းခံရသည်။
ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိသည့် Hulunbeier မြက်ခင်းပြင် ဒေသမှလာသော နို့မှုန့်ကို အသုံးပြုထားပြီး သတ်မှတ်စံညွှန်းများဖြင့် ပြည့်စုံသည့်အတွက် ISO9001 နှင့် HACCP အသိအမှတ်ပြု လက်မှတ်များရရှိထားသည်။
သဘာဝအသေးစား အာဟာရစတိုး- ထင်းရှူးပန်းဝတ်မှုန်
ထင်းရှူးပန်းဝတ်မှုန်တွင် ခန္ဓာကိုယ်မှ လိုအပ်သည့် အာဟာရဓာတ်များဖြစ်သည့် ဗီတာမင်များ၊ အမိုင်နိုအက်ဆစ်များ၊ သတ္တုဓာတ်များ၊ ပိုလီဆက်ခရိုက်၊ ဖလာဗိုနွိုက် စသည့် အာဟာရဓာတ်အမျိုးပေါင်း 200 ခန့် ပါဝင်သည်။ ထို့ကြောင့် လိုအပ်သော အာဟာရဓာတ်များကို ဖြည့်ဆည်းပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သည်။ ခန္ဓာကိုယ်၏ ဇီဝလုပ်ဆောင်မှုကို တိုးမြှင့်ပေးသည်။
နို့မှုန့်သည် အကောင်းဆုံးအစားအစာ ဖြစ်ကြောင့် အာဟာရပညာရှင်များက မိန့်ဆိုကြသည်။ ထင်းရှူးပန်းဝတ်မှုန်နို့မှုန့်တွင် အသုံးပြုထားသည့် နို့မှုန့်သည် ညစ်ညမ်းမှုမရှိသော Hulumbeirerမြင်ခင်းပြင်ဒေသမှ နွားမျိုးကောင်းမျိုးသန့်များ၏ လတ်ဆက်သည့်နို့ကို အခြောက်ခံကာ ပြုလုပ်ထားသဖြင့် အာဟာရဓာတ် အလွန်ကြွယ်ဝပြီး အရည်အသွေး အကောင်းဆုံးဖြစ်သည်။
ထင်းရှူးပန်းဝတ်မှုန်နို့မှုန့်တွက် ကယ်လ်ဆီယမ်ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သော ပရိုတင်း၊ ဗီတာမင်များ၊ သတ္တုဓာတ်များဖြင့် အခြားအခြေခံ အာဟာရဓာတ်များ ပြည့်ဝစွာရရှိသဖြင့် သက်ကြီးရွယ်အိုများ၏ ကယ်လ်ဆီယမ် ဆုံးရုံးမှုကို ပြန်လည်ဖြည့်တင်းပေးပြီး ကလေးငယ်များ ဖွံ့ဖြိုးကြီးထွားမှုကို ကူညီပေးသည်။
အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ခန္ဓာကိုယ်မှလိုအပ်သော ကယ်ဆီယမ်များ ဆုံးရုံးမှုနှင့် ကလေးငယ်များ ကြီးထွားရန်နှင့် ကျန်းမာစေရန်အတွက် နို့သည်အလွန်အရေးပါသည်။ ထင်းရှူးပန်းဝတ်မှုန်နို့မှုန့်တွင် ဇီဝဆိုင်ရာ ကယယ်လ်ဆီယမ် ကာဗွန်နိတ်ကို အကောင်းဆုံးစံနှုန်းဖြင့် ပေါင်းစပ်ထည့်သွင်းခြင်းကူ အာဟာရစံညွန်းထက် ပိုမိုမြင့်မားပြီး ဘေးထွကဆိုးကျိုးမရှိ၊ ယုံကြည့်စိတ်ချစွာ သောက်သုံးနိုင်သည်။