Guozhen Pine Pollen သည် အာဟာရ တန်ဖိုးမြင့်မားသည့် သဘာဝ အစားအစာများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ၎င်းကို တရုတ်နိုင်ငံရှိ အမြင့်ပေ ၁၁၀၀/ ၁၅၀၀ မီတာတွင် ပေါက်ရောက်ရှင်သန်သည့် အမြဲတမ်းစိမ်းနေသည့် ထူးခြားသည့် ဒေသခံမျိုးဖြစ်သည့် Pinus Messoniana lamb နှင့် Pinus Tabulaeformis Carr စသည့် ထင်းရှူးနီမျိုးမှ အကောင်းဆုံးထုတ်လုပ်ထားခြင်းဖြစ်သည်။
ဝတ်မှုန်သည် အပင်အတွက် အဓိက အလေးထားရသည့်အရာဖြစ်ပြီး ထင်းရှူးဝတ်မှုန်သည် သဘာဝအတိုင်း လေထဲတွင် ဝတ်မှုန်ကူးသည် အာဟာရပြည့်ဝသည့် အစားအစာအဖြစ် နိုင်ငံများစွာက စားသုံးနေကြသည်။ ထင်းရှူးဝတ်မှုန်သည် အာဟာရဓာတ်များ အားလုံးပါဝင်ခြင်း၊ သင့်လျော်သော ပေါင်းစပ်ခြင်း၊ သက်တမ်းအရှည်ဆုံးအပင်ဖြစ်ခြင်း၊ လူ့ခန္ဓာကိုယ်အတွက် လိုအပ်နေသော အာဟာရဓာတ်များကို ညီမျှစေခြင်းနှင့် ပြည့်စုံအောင် ဖြည့်စွက်ပေးနိုင်သည်။
ထို့ကြောင့် ဝတ်မှုန်များ၏ ဘုရင်ဖြစ်သည့် ထင်းရှူးဝတ်မှုန်ကို တရုတ်နိုင်ငံရှိ အာကာသယဉ်မှူးများအတွက် ကျန်းမာရေးအစားအစာအဖြစ် သုံးစွဲကြသည်။
သုံးစွဲရန်သင့်လျော်သူများ
သုံစွဲရန်ပမာဏ
သာမာန်ကျန်းမာရေး စောင့်ရှောက်လိုသူများတစ်နေ့ (၃) လုံးမှ (၅)လုံးအထိ
ရောဂါကုသရန် လိုအပ်သူများ တစ်နေ့ (၁၀) လုံးမှ (၃၀)လုံးအထိ
ထင်းရှူးပန်းဝတ်မှုန်ကို ရေရှည်သုံးစွဲခြင်းဖြင့် ပဋိဇီဝပိုးသတ်ဆေးများသုံးစွဲခြင်းမှ ကင်းဝေးနိုင်သည်။
၁၉၉၈ ခုနှစ်တွင် ကုလသမဂ္ဂမှ ချီးမြှင့်သည့် ဆဌမမြောက်လူသားအကျိုးပြုဆုရရှိခဲ့သည့် ” ထင်းရှူးဝတ်မှုန်ဓာတ်စာ”
သဘာဝတရား၏ အံ့ဖွယ်တစ်ခုဖြစ်သည့် ထင်းရှူးပင်သည် အမြဲတမ်းစိမ်းလန်းနေပြီး အိုမင်းကြီးရင့်မှုကို မမြင်တွေ့ရသော အပင်မျိုးဖြစ်သည်။ ထင်းရှူးဝတ်မှုန်သည် ထင်းရှူးဝတ်ဆံ၏ မျိုးဆဲလ်အနှစ်ဖြစ်ပြီး အပင်အတွက် အဓိကအသက်ပင်ဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က Shennong အမည်ဖြင့် အထူးခြားဆုံး တရုတ်ရိုးရာ ဆေးဖက်ဝင်အပင်များအကြောင်း ရေးသားထားသည့် ဆေးကျမ်း စာအုပ်နှင့် ယခုခေတ်၏ တရုတ်ဆေးကျမ်းစာအုပ် အသီးသီးတွင် ထင်းရှူးဝတ်မှုန်နှင့်ပတ်သတ်၍ အသေးစိတ်မှတ်တမ်းများရေးမှတ်ထားကြပြီး အစားအစာနှင့် ဆေးဝါးနှစ်မျိုးလုံးသုံးနိုင်သော ပန်းဝတ်မှုန်အမျိုးအစားဖြစ်သည်။ သူ၏ထူးခြားအံ့ဖွယ် အကျိုးရလဒ်များကြောင့် ” မှော်ဝင်ဆေး” အဖြစ် အလေးထားကြသည်။
Guozhen Pine Pollen တွင် အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ်မှပါဝင်သော အာဟာရဓာတ်များကို ပြည့်ဝစွာ စုပ်ယူနိုင်စေရန်အတွက် အဆင့်မြင့် နည်းပညာကို အသုံးပြု ထုတ်လုပ်ထားသည်။ ထို့ကြောင့် စားသုံးသူဈေးကွက်တွင် ကျန်းမာရေးအစားအစာအဖြစ် လူသိများထင်ရှားပါသည်။
အဓိကပါဝင်ပစ္စည်း – ထင်းရှူးဝတ်မှုန်၊ ကြံသကြား
ပါဝင်သည့်ပမာဏ – တစ်ပုလင်းတွင် ၁၀၈ လုံးပါသည်။
ကိုယ်တွင်းအင်္ဂါများနှင့် လုပ်ဆောင်မှု ဟန်ချက်ညီခြင်းသည် ကျန်းမာခြင်း၏ အဓိကသော့ချက်ဖြစ်သည်။ ထင်းရှူးဝတ်မှုန်တွင် ပါဝင်သော အာဟာရဓာတ်များအားလုံးနီးပါးသည် ပေါင်းစပ်ပါဝင်မှုကောင်းမွန်ပြီး အာဟာရဗေဒပညာရှင်များက “လူသားများအတွက် ဘုရားသခင်မှ ဖန်ဆင်းထားသည့် ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် ရတနာတစ်ပါး” အဖြစ် တန်ဖိုးထားလေးစားကြသည်။
ရေရှည်သုံးစွဲခြင်းဖြင့် ကိုယ်တွင်း အာဟာရဓာတ်၊ အက်ဆစ်ဓာတ်နှင့် အယ်လ်ကာလီတို့ကို ညီမျှနေအောင် ထိန်းညှိပေးသည်။ လက်တွေ့လေ့လာ စမ်းသပ်ချက်များအရ သွေးလည်ပတ်မှုကို တိုးမြှင့်ပေးခြင်း၊ ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပေးခြင်း၊ နှလုံးနှင့် အသည်းကို ကာကွယ်ပေးခြင်း၊ အစာခြေစနစ်တစ်ခုလုံးကို ပုံမှန်လည်ပတ်စေခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးခြင်း၊ အနီးမီးယားရောဂါကို ကာကွယ်ပေးခြင်း၊ ကျန်းမာလှပစေခြင်း စသည်တို့ကို ဖြစ်ပေါ်စေပါသည်။