သဘာဝ ဝါးမီးသွေးမှုန့်ဖြင့် ထုတ်လုပ်ထားသောကြောင့် အိမ်နှင့်ရုံးခန်းအတွင်းရှိ အနံ့ဆိုးနှင့် အစိုပြန်ခြင်းကို ကောင်းစွာစုပ်ယူပေးနိုင်သော လေသန့်စင်အိတ်
ရေရှည်အသုံးခံရန်တစ်လလျှင် အနည်းဆုံး တစ်နာရီခန့် နေရာင်ပြပေးလျှင် သက်တမ်း ၂ နှစ်အထိ အသုံးပြုနိုင်သည်။
ဝါး၏ သဘာဝအရင်းအမြစ်များဖြစ်သည့် ကာဗွန်ကို အပူပြင်းပြင်းပေးခြင်း နည်းဖြင့် မှုန့်ညက်အောင် သန့်စင်ထုတ်လုပ်ထားသော အမဲရောင်မီးသွေး အမှုန့်ကို အရေးပေါ်ကုသရေးအခန်းများတွင် ဆေးအလွန်အကျွံသုံးစွဲခြင်းနှင့် အဆိပ်မိခြင်းကို ကုသရန် အတွက် မကြာခဏ အသုံးပြုလေ့ရှိသည်။
အနက်ရောင်မီးသွေးမှုန့်သည် အစာအိမ်မှ အဆိပ်အတောက်များ စုပ်ယူခြင်းကို တားဆီးပေးသည်။ ထိုမီးသွေးမှုန့်ကို ခန္ဓာကိုယ်မှ စုပ်ယူနိုင်ခြင်းမရှိသဖြင့် အဆိပ်အတောက်များသည် မီးသွေးမှုန့်နှင့်ရောကပ်ပြီး ခန္ဓာကိုယ်ပြင်ပသို့ မစင်မှတဆင့် စွန့်ထုတ်ပေးသည်။
ထို့ကဲ့သို့ ဝါးမီးသွေးမှုန့်၏ အဆိပ်အတောက်များကို အထူးစုပ်ယူနိုင်သော ဂုဏ်သတ္တိများကြောင့် ဆေးဘက်ဆိုင်ရာနှင့် အလှကုန်များတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါသည်။