Zhuzhen Bamboo Tower
ဝါးမျှင်မျက်နှာသုတ်ပုဝါ

16500 ks
ဗူးသေး 16500ကျပ်

Product Description

ဝါးမျှင်မျက်နှာသုတ်ပုဝါ၏ ထူးခြားသော စွမ်းဆောင်ချက်များ

– ခန္ဓကိုယ်တွင်တွယ်ကပ်နေသော ရောဂါပိုးမွှားများအား ထိရောက်စွာ ဖယ်ရှားပေးနိုင်ခြင်း။
– အနံ့အသက်ဆိုးများကိုလည်း ထိရောက်စွာ ဖယ်ရှားပေးနိုင်ခြင်း။
– အရေပြားကျန်းမာရေးအား ထိရောက်စွာ အကျိုးပြုနိုင်ခြင်း။
– နူးညံ့သော ဝါးမျှင်များဖြင့် ပြုလုပ်ထားသဖြင့် ရေစုပ်အားကောင်း၍ တာရှည်သုံးစွဲနိုင်ခြင်း။
– နူးညံ့ချောမွေ့ပြီး အရေပြားကို ဆတိုးကာကွယ်ပေးခြင်း။

 

မှတ်သားရန်အချက်များ

မျက်နှာသုတ်ပုဝါကို အလွန်အကျွံညစ်ခြင်းမှ ရှောင်ကြဉ်ပါ။
ဝါးမျှင်မျက်နှာသုတ်ပုဝါကို ရေစိမ်လျှော်ပြီးနောက် ရေလုံးဝကုန်စင်သည်အထိ အလွန်အကျွံညှစ်ပါက ဝါးမျှင်များ ကျိုးကာပျက်စီးစေနိုင်သည်။ ဝါးမျှင်မျက်နှာသုတ်ပုဝါသည် ရေစုပ်ယူမှု အားကောင်းပြီး တော်သင့်ရုံညှစ်ခြင်းက သင့်အရေပြားပေါ်က ရေကို ခြောက်သွေ့စေပါသည်။ ထို့ပြင် ဝါးမျှင်၏ လေစိမ့်ဝင်နိုင်စွမ်းကောင်းမှုကြောင့် အသုံးပြုပြီးနောက် ပုဝါတွင်ရှိနေသာရေများက သဘာဝအတိုင်း အငွေ့ပျံသွားမည်ဖြစ်သည်။

ချွန်ထက်သောအရာများပေါ်တွင် ချိတ်လှန်းခြင်းမှ ရှောင်ကြည်ပါ။
ရေစုပ်ယူမှုအားကောင်းသဖြင့် ဝါးမျှင်မျက်နှာသုတ်ပုဝါသည် စိုစွတ်နေပါက ပိုလေးလာမည်ဖြစ်သည်။ ထို့ကြောင့် သံချောင်း၊ ချိပ်နှင့် အခြားချွန်ထက်သောအရာများပေါ်တွင် ချိတ်လှန်းခြင်းမျိုး မပြုလုပ်သင့်ပါ။ ဝါးမျှင်များ ပုံစံပျက်ခြင်း သို့မဟုတ် ကွဲထွက်လာခြင်းများ ဖြစ်ပေါ်လာပြီး သက်တမ်းတိုတောင်းစေနိုင်သဖြင့် တန်း၊စင်ကဲ့သို့သော နေရာတွင် လှန်းပါက ပိုကောင်းပါသည်။

တစ်ဦးချင်းစီအတွက် မျက်နှာသုတ်ပုဝါတစ်ခုကိုသာ အသုံးပြုပါ။
ရောဂါဘယနှင့် ကူးစက်ညစ်ညမ်းမှုများကို ကာကွယ်ရန်အတွက် မျက်နှာသုတ်ပုဝါတစ်ခုတည်းကို လူအများမသုံးသင့်ပါ။ ကိုယ်ပိုင်သီးသန့်ထား၍ အသုံးပြုသင့်ပါသည်။

 

၂၁ရာစု၏ ဖွံ့ဖြိုးမှုအလားအလာ အရှိဆုံးသော ကျန်းမာရေးထုတ်ကုန်ပစ္စည်း ဟု ချီးမွမ်းခံရပြီး ကျန်းမာ၍ အနာရောဂါ ကင်းဝေးအောင်ပြုမူနေထိုင်၍ အတွေးအခေါ်သစ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းသည့် အစိမ်းရောင် ကျန်းမာရေးထုတ်ကုန်ဖြစ်သည့် Bamboo Fiber Towel များက အလုပ်များလှသည့် မြို့နေလူထုကို သဘာဝဖြင့် လတ်ဆတ်သော သန့်ရှင်းသော ခံစားမှု ရသကို ပေးစွမ်းပြီး သင့်အား ကျန်းမာသော နေထိုင်မှုဘဝသစ်ကို ဖန်တီးပေးသည်။

သဘာဝအတိုင်း ဘက်တီးရီးယားပိုးမွှားများကို ကာကွယ်ပေးနိုင်ခြင်းနှင့်ကျန်းမာစေခြင်း

ကျွန်ုပ်တို့သည် မျက်နှာသုတ်ပုဝါကို နေ့စဉ်ထိတွေ့သုံးစွဲနေကြသည်။ သို့သော် ကျွန်ုပ်တို့ မသိရှိသေးသည့် အချက်တစ်ခုမှာ မျက်နှာသုတ်ပုဝါကို ကောင်းမွန်မှန်ကန်စွာ အသုံးမပြုပါက မျက်နှာသုတ်ပုဝါသည် ညစ်ညမ်းမှုဖြစ်စေသော အရာတစ်ခုဖြစ်လာပြီး ရောဂါပိုးမွှားများ ပေါက်ပွားရာ အဓိက နေရာတစ်ခုဖြစ်လာသဖြင့် ကျွန်ုပ်တို့၏ ကျန်းမာရေးကို ထိခိုက်စေပါသည်။

လှေးမွှားကပ်ပါးကောင်များသည် အတွေ့များသော ဘက်တီးရီးယား တစ်မျိုးဖြစ်သည်။ လေ့လာဆန်းစစ်သော စာရင်းအင်းများအရ ၉၈% ကျော်သောလူများသည် မျက်နှာပေါ်တွင် ကမျဉ်းနီကောင်များ၏ ကိုက်ခဲမှုကို ခံစားကြရသည်။ အရေပြားပြသနာများသည် လှေးမွှားကပ်ပါးကောင်များကြောင့်ဖြစ်ပြီး ၎င်းတို့က ရောဂါကူးစက်မှုစေခြင်း သို့မဟုတ် ၎င်းတို့၏ အညစ်အကြေးများက အမဲစက်များကို ဖြစ်ပေါ်စေသည်။

သာမန်မျက်နှာသုတ်ပုဝါများသည် လေစိမ့်ဝင်နိုင်မှု (လေဝင်လေထွက်) အားနည်းချက်ကြောင့် ဘက်တီးရီးယားများ ရှင်သန်ပေါက်ပွားပြီး ရောဂါဘယဖြစ်လွယ်စေသည်။ မသန့်ရှင်းသော မျက်နှာသုတ်ပုဝါဖြင့် သုတ်လိုက်ခြင်းသည် သေချာစွာ သန့်စင်ထားသော မျက်နှာကို အချည်းနှီး အလဟသဖြစ်သည်။

လှေးမွှားကပ်ပါးကောင်များဖြင့် မသန့်မပြန့်ဖြစ်နေမှုကို အမြစ်ပြတ်ရှင်းလင်းနေစေရန်အတွက် ကျွန်ုပ်တို့သည် မျက်နှာသုတ်ပုဝါကို မှန်မှန်ကန်ကန် ရွေးချယ်အသုံးပြုသင့်သည်။ သို့မှသာ သန့်စင်ပြီးသော အရေပြားကို ဘက်တီးရီးယားပိုးမွှားများကြောင့် ရောဂါဘယများ မဖြစ်ပွားအောင် ရှောင်ရှားနိုင်မည်ဖြစ်သည်။

ဝါးချည်မျှင်ကျန်းမာရေးပုဝါသည် ရွေးချယ်ရန် အကောင်းဆုံး မျက်နှာသုတ်ပုဝါ အမျိုးအစားဖြစ်သည်။ ဝါးမျှင်ကို သဘာဝအတိုင်း ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ဝါးမှ အဆင့်ဆင့် ပြုပြင်ပြောင်းလဲ၍ နူးညံ့သေးငယ်သောအမျှင်အဖြစ် ပြောင်းလဲထုတ်လုပ်ထားခြင်းဖြစ်သည်။

ဆယ်နှစ်ရာသီလုံးစိမ်းလန်းစိုပြေနေပြီး တီကောင်၊ ပိုးစားထားမှုနှင့် မြေဆီလွှာပျက်စီးမှုမရှိသော ဝါးပင်များမှ ပြုလုပ်ထားသဖြင့် ဝါးမျှင်သည် သဘာဝအတိုင်း ဘက်တီးရီးယားများ ပိုးမွှားများကို ကာကွယ်ပေးသည်။ ထို့ပြင် ဝါးမျှင်သည် လေဝင်လေထွက် ကောင်းမွန်ခြင်း၊ နူးညံ့ပြီး အဆင်ပြေချောမွေ့မှုရှိသည်။ အခြားသော မျက်နှာသုတ်ပုဝါများနှင့် နှိုင်းယှဉ်ပါက ဝါးမျှင်မျက်နှာသုတ်ပုဝါတွင် အောက်ပါ ထူးခြားချက်များ ရှိသည်။

ဝါးတွင် သဘာဝအတိုင်း ဘက်တီးရီးယားပိုးမွှားများကို ကာကွယ်ပေးနိုင်သည့် အစွမ်းသတ္တိများ ပါဝင်သဖြင့် ဝါးမျှင်မျက်နှာသုတ်ပုဝါသည် ဘက်တီးရီယားနှင့် လှေးမွှားကပ်ပါးကောင်များ ရှင်သန်ပေါက်ပွားမှု မရှိအောင် ကာကွယ်ပေးသည်။ တရုတ်နိုင်ငံအမျိုးသားချည်မျှင်နှင့် အထည်အလိပ် အရည်အသွေး ကြီးကြပ်ရေးနှင့် စမ်းသပ်သည့် ဌာန၏အရည်အချင်း သတ်မှတ်ချက်များအရ အဏုကြည့်ကိရိယာဖြင့် စစ်ဆေးထားသည့် တူညီသော ဘက်တီးရီးယား ပမာဏသည် ချည်ထုတ်ကုန်များနှင့် သစ်သားမျှင်များတွင် တိုးပွားနိုင်ပြီး ဝါးမျှင်အထည်တွင်မူ ၂၄နာရီအတွင်း ဘက်တီးရီးယား သေဆုံးမှုနှုန်းမှာ ၈၀ ရာခိုင်နှုန်း အထက်ရှိသဖြင့် ဝါးမျှင်မျက်နှာသုတ်ပုဝါသည် ဘက်တီးရီးယား ကင်းစင်စေမှုတွင် ပြိုင်ဘက်ကင်းကြောင်း တွေ့ရှိရသည်။

စိမ့်ဝင်မှုအားကောင်းစေခြင်းနှင့် သန့်ရှင်းရလွယ်ကူစေခြင်း

ဘက်တီးရီးယားများသည် စိုထိုင်းပြီး ပိတ်လှောင်သော ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက်ကြသည်။ စမ်းသပ်ချက်များအရ ဝါးမျှင်များ၏ ဖြတ်ပိုင်းပုံသည် ဘဲဥပုံ အပေါက်ကြီးငယ်များနှင့် ပြည့်နှက်နေပြီး စိုထိုင်းမှုကို ဖယ်ရှားပေးပြီး လေဝင်လေထွက် ကောင်းစေခြင်းတို့တွင် အခြားသော အထည်အလိပ်များထက် ပထမတန်းစားဖြစ်သည်။
ထို့အပြင် ဝါးမျှင်မျက်နှာသုတ်ပုဝါသည် ဖုန်မှုန့်များ ကင်းစင်စေ၍ ဓာတုဓာတ်ပြုခြင်းမှ အစွန်းအထင်း မဖြစ်ပေါ်အောင်ကာကွယ်ပေးပြီး လျှော်ဖွတ်သန့််စင်ရ လွယ်ကူစေသည်။

နူးညံ့ပြီး နှစ်ခြိုက်သဘောကျစေခြင်း

ဝါးမျှင်သည် သာမန်ဝါချည်မျှင်၏ ယူနစ်သေးငယ်မှုထက် ပို၍ သေးငယ်ပြီး ကတ္တီပါကဲ့သို့ ပျော့ပြောင်းချော့မွေ့ပြီးအသားအရေကို နူးညံ့ချောမွေ့ဆုံးကာကွယ် ထိန်းသိမ်းပေးသည်။
ထို့ပြင် ဝါးမျှင်မျက်နှာသုတ်ပုဝါ၏ ထူးခြားသောအစွမ်းမှာ ထပ်ခါထပ်ခါလျှော်ဖွတ်ခြင်း သို့မဟုတ် နေရောင်နှင့် ထိတွေ့ခြင်းတို့ကြောင့် မပြောင်းလဲနိုင်ဘဲ ဆင့်ပွားညစ်ညမ်းမှုကို လုံးဝရှောင်ရှားသည်။