Bamboo Magic Tablets သည်ဝါးရွက်၏ Falvoneမှထုတ်လုပ်ထားသည့် ကမ္ဘာပေါ်တွင် ပထမဆုံးအဆင့်မြင့် နည်းပညာထုတ်ကုန်ဖြစ်သည်။ ဝါးရွက်၏ Falvone နှင့် coumarin lacones ကိုခေတ်မီနည်းစနစ်များဖြင့် ထုတ်လုပ်ထားသည့် သဘာဝကျန်းမာရေး အစားအစာဖြစ်သည်။ တရုတ်နိုင်ငံအာကာသယဉ် တည်ဆောက်သည့် စက်မှုဇုံအတွက် အထူးကျန်းမာရေး အစားအစာလည်းဖြစ်သည်။
အဓိကကုန်ကြမ်းဖြစ်သည့် ဝါးရွက်ကို တရုတ်နိုင်ငံ Zhejiang တွင် စိုက်ပျိုးပြီး ၎င်းတွင်ကျွန်ုပ်တို့၏ကျန်းမာရေးအတွက် အရေးကြီးသည့် ဇီဝရှင်သန်မှုအားကောင်းစေသော ဒြပ်ပေါင်းများနှင့် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည်။ အစားအစာရော ဆေးဝါးအဖြစ်ပါ အသုံးပြုနိုင်သည့် အကောင်းဆုံးအသင့်လျော်ဆုံး ဖြည့်စွက်စာဖြစ်သည်။
သုံးစွဲရန်သင့်လျော်သူများ
သုံးစွဲရန်ပမာဏ
ပုံမှန်ကျန်းမာရေးစောင့်ရှောက်လိုသူများ တစ်နေ့(၁)လုံးမှ (၃)လုံးအထိ
ရောဂါကုသရန် လိုအပ်သူများ တစ်နေ့(၃)လုံးမှ (၁၀)လုံးအထိ။
အဓိကပါဝင်ပစ္စည်း – ဝါးရွက်၏ အဆီအနှစ်များ
သုံးစွဲသင့်သူများ – သွေးကြောကျန်းမာရေးကို အဓိက လိုအပ်သူများ
ပါဝင်သည့်ပမာဏ – တစ်ဗူးတွင် ၁၀၈ လုံးပါသည်။
ဝါးသည် ကမ္ဘာပေါ်ရှိ အဖိုးတန်ဆုံးအပင်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ အစောပိုင်းကာလများတွင် တရုတ်ဆေးကျမ်းစာအုပ်များတွင် ဆေးဝါးအဖြစ် အကြိမ်ကြိမ် သုံးစွဲခဲ့ကြကြောင်း မှတ်တမ်းများအရ သိရှိရသည်။ တရုတ်နိုင်ငံတွင် ဝါးရွက်ကို အစားအစာအဖြစ်သာမက ဆေးဝါးအဖြစ်ပါ အသုံးပြုခဲ့ကြကြောင်း ရှည်လျားသောသမိုင်းကြောင်းများရှိသည်။
ဝါးရွက်ကို အထူးသုသေသနပြုရာတွင် ၎င်း၏အဆီအနှစ်များသည် ဆေးဝါး၊ အစားအစာ၊ အောက်ဆီဂျင်ဓာတ်တိုး ဆန့်ကျင်ပစ္စည်းနှင့် အလှကုန်များတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ကြောင်း တွေ့ရှိရသည်။
Bamboo Magic Tablet တွင် ဝါးရွက်ကို အဓိကထည့်သွင်းထားပြီး ခေတ်မီဇီဝနည်းပညာဖြင့် အဆင့်မြင့်ထုတ်လုပ်ထားသည်။ ထို့ကြောင့် စတင်ထုတ်လုပ်သည့်အချိန်မှ ယခုအချိန်ထိ စားသုံးသူဈေးကွက်တွင် အနှစ်ခြိုက်ဆုံး ကျန်းမာရေး ဖြည့်စွက် အာဟာရ ဓာတ်စာအဖြစ် လူကြိုက်များနေပါသည်။
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အမှန်တကယ်လုပ်ဆောင်ခြင်း
Shanghai First Peole’s Hostpial ရှန်ဟိုင်း ပထမ ပြည်သူ့ဆေးရုံ၏ လက်တွေ့ဆေးဝါးကုသမှု သက်သေအထောက်အထားများဝါးရွက်တွင် ပါဝင်သည့် Flavone ဓာတ်သည် Free Redicals များကိုဖြစ်ပေါ်စေသည့် အောက်ဆီဂျင်၏လှုံ့ဆော်မှု အမျိုးမျိုးကို ကောင်းစွာရှင်းထုတ်နိုင်ခြင်း၊ အဆီစုဝေးမှုကို ဟန့်တားထိန်းချုပ်ပေးနိုင်ခြင်း၊ သွေးကြောများကို သန့်စင်ပေးသဖြင့် နှလုံးသွေးကြောများကို ကောင်းစွာကာကွယ်ပေးနိုင်သည်။
ထို့ပြင် ဝါးရွက်တွင် ပါဝင်သည့် Flavone ဓာတ်သည် ကိုယ်ခံစွမ်းအားစနစ်ကို ပုံမှန်လည်ပတ်နိုင်အောင် လုပ်ဆောင်ပေးခြင်းဖြင့် ပြင်ပမှ မကောင်းသော ရောဂါပိုးမွှားများ ခန္ဓာကိုယ်အတွင်း မဝင်ရောက်နိုင်စေရန် ထိထိရောက်ရောက် ကာကွယ်ပေးသည်။
ဝါးရွက်ကို အစားအစာအဖြစ်သာမက ဆေးဝါးအဖြစ်ပါ သုံးစွဲနိုင်သည်။ ၎င်းသည် အခြားသော ဆေးဘက်ဝင်အပင်များဖြစ်သည့် တရုတ်ဇီးသီး၊ ဂျင်း၊ Medlar၊ ကြာရွက်၊ ဆေးဖက်ဝင်နွယ်ပင်များနှင့် ပျားရည်စသည်တို့ကဲ့သို့ပင် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်သည်။
သုတေသနပြုချက်များအရ ဝါးရွက်တွင်ပါဝင်သည့် Flavoneဓာတ်သည် အဆိပ်တောက်နှင့် လူကို ထိခိုက်စေမည့် အရာများမရှိပါ။ ဟိုမုန်းဆေးဝါးလုံးဝကင်းလွတ်ပြီး အာဟာရဖြည့်စွက်သော လုပ်ဆောင်မှုကို အဟန့်အတားလုံးဝမဖြစ်နိုင်ပါ။ ဇီဝကမ္မလုပ်ဆောင်မှုတွင် ပါဝင်ပြီး ခန္ဓာကိုယ်ကို လျှင်မြန်စွာအာဖြည့်ပေးနိုင်သည်။ ထို့ကြောင့် ယုံကြည်စိတ်ချစွာဖြင့် စားသုံးနိုင်သည့်အသင့်လျော်ဆုံး အစားအစာဖြစ်သည်။
နည်းပညာ အဆင့်မြင့်စက်ကြီးများကို အသုံးပြု၍ ထုတ်လုပ်ထားခြင်းကြောင့် ပါဝင်ပစ္စည်းများ၏ လုပ်ဆောင်နိုင်မှု အရည်အသွေးကို တိကျစေခြင်း၊ သန့်စင်မှု မြင့်မားစေခြင်း၊ ရေတွင်ပျော်ဝင်နိုင်မှု မြင့်မားခြင်းနှင့် အရည်အသွေး တိတိကျကျနှင့် အကောင်းဆုံး ဖြစ်စေသည်။
အခြားသော Flavone များနှင့် နှိုင်းယှဉ်ပါက ဝါးရွက်တွင် ပါဝင်သည့် Flavone ဓာတ်သည် ဖွဲ့စည်းတည်ဆောက်ပုံ တည်ငြိမ်ခြင်း၊ အရည်အသွေး မနိမ့်ကျအောင် ထိန်းထားနိုင်ခြင်းနှင့် ထိခိုက်ဒဏ်ရာများကို ထိထိရောက်ရောက် ကုသပေးနိုင်သည်။
သုတေသနပြုလေ့လာဆန်းစစ်ချက်များအရ ဝါးရွက်တွင် အကျိုးရှိသည့် အဓိကပါဝင်ပစ္စည်းများဖြစ်သည့် Falvones, lactone, amino acid, active peptide, manganese, zinc နှင့် selenium တို့ပါဝင်သည်။ Bamboo Magic Tablet တွင်အဓိကပါဝင် ပစ္စည်းသည်ဝါးရွက်၏ Flavone ဓာတ်ဖြစ်ပြီး သွေးနှင့် အဆီပါဝင်မှုကို ပုံမှန်ထိန်းညှိနိုင်အောင် လုပ်ဆောင်ပေးသည်။
ဆေးဝါးကုသမှု ဆန်းစစ်ချက်များအရ သွေးတွင်း အဆီပါဝင်မှု ပုံမှန်မလုပ်ဆောင်နိုင်သည့် အခြေအနေအမျိုးမျိုးအတွက် Bamboo Magic Tablet ကို သုံးစွဲခြင်းဖြင့် ထိရောက်မှုရှိပြီး လုံခြုံစိတ်ချရသည့် ကျန်းမာရေးအစားအစာဖြစ်သည်။
Bamboo Magic Tabletသည် နှလုံးသွေးကြောနှင့် ပတ်သက်သောရောဂါများကို ကာကွယ်ပေးနိုင်ခြင်း၊ ဖရီးရယ်ဒီကယ်များကို တိုက်ထုတ်နိုင်သည့် အစွမ်းသတ္တိရှိခြင်း၊ အောက်ဆီဂျင်၏ ဓာတ်တိုးမှုကို ဆန့်ကျင်နိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေခြင်း၊ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးခြင်း၊ ရောင်ရမ်းမှုကို ကာကွယ်ပေးခြင်း၊ ကောင်းစွာ အိပ်စက် အနားယူစေခြင်းနှင့် လှပနုပျိုစေခြင်း စသည့်အကျိုးကျေးဇူး ရရှိစေပါသည်။