ချစ်လှစွာသော မိတ်ဆွေအပေါင်းတို့
NEW ERA ကုမ္ပဏီနှင့် ထုတ်ကုန်များကို ယုံယုံကြည်ကြည်နှင့် ထောက်ပံ့သုံးစွဲပေးနေကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပါတယ်။ မိတ်ဆွေများအားလုံးကို NEW ERA မိသားစုကြီးမှ လှိုက်လှဲစွာ ကြိုဆိုလိုက်ပါတယ်။
စက်မှုလုပ်ငန်းတွေ တိုးတက်လာသည်နှင့်အမျှ မိတ်ဆွေတို့ နေ့စဉ်စားသောက်နေရတဲ့ အစားအသောက်တွင် လုံခြုံစိတ်ချမှုရှိ / မရှိကို စိတ်ပူပင်နေပါသလား၊။ သဘာဝအစိမ်းရောင် ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နိုင်မည့် အတွေးအခေါ်နှင့်အညီ ကျန်းမာရေးကို ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများကို တောင့်တနေပါသလား။ NEW ERA ကသင့်ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ NEW ERA တွင် စက်မှုလုပ်ငန်းဆိုင်ရာ ပြောင်းလဲမှုကြီးတစ်ခုလုံးကို ကာကွယ် ပေးနိုင်မည့် သဘာဝ ကျန်းမာမှုနည်းလမ်းနှင့် ကျွမ်းကျင်သော သိပ္ပံပညာရှင်အဖွဲ့များ ရှိပါတယ်။
အလုပ်တာဝန်တွေ များပြားလာလို့ စိတ်ဖိစီးမှုတွေများလာကာ အကူအညီမဲ့နေသလို သင်ခံစားနေရပါသလား။ သင့်ရဲ့ကလေးဘဝ အိမ်မက်တွေ၊ လွတ်လပ်မှုတွေ၊ သာယာလှပတဲ့ ဘဝတွေ ပျောက်ဆုံးနေသလို ခံစားနေရပါသလား၊ NEW ERA ကသင့်ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ NEW ERA တွင် ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် သင့်ရဲ့ နေ့စဉ်ဘဝကို လွတ်လပ်လွယ်ကူစွာဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ အိမ်မက်တွေကို ပြန်လည်တည်ဆောက်ဖို့ ကျွန်ုပ်တို့ရဲ့ လက်များနဲ့ ချိတ်ဆက်လိုက်ကြပါစို့။
မိတ်ဆွေ သင့်မှာ ကုန်အမှတ်တံဆိပ်ကို အရောင်းမြှင့်တင်ဖို့၊ ရောင်းချပြီး ပစ္စည်းအတွက် ဝန်ဆောင်မှုပေးဖို့၊ ထောက်ပံ့ ပို့ဆောင်ရေး စီမံခန့်ခွဲဖို့၊ ကုန်ထုတ်လုပ်ဖို့နဲ့ သုတေသနနှင့် ဖွံ့ဖြိုးရေးစတာတွေကို ညွန်ကြားဖို့ဆိုတာတွေအတွက် အရည်အချင်းပြည့်ဝတဲ့ စီးပွားဖက်တွေရှိနေပါပြီ။ သင်လုပ်ရမယ့် တစ်ခုတည်းသောအရာက ထုတ်ကုန်တွေရဲ့ အကြောင်းကိုမျှဝေဖို့၊ သင်လုပ်ကိုင်တဲ့ပုံစံအတိုင်း လုပ်ကိုင်ဖို့၊ သင့်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ပြောပြဖို့ပါပဲ။ သင့်ကိုယ်သင်ဒီစီးပွားရေးလုပ်ငန်းရဲ့ ရောင်းချဖြန့်ဖြူးသူအဖြစ် ပျော်ရွှင်ခံစားမှုကို တောင့်တနေပါသလား။ NEW ERA ကသင့်ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ NEW ERA ကသင့်ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် စင်မြင့်တစ်ခုကို ဖွင့်လှစ်ပေးထားမှာဖြစ်ပြီး သင့်ကို ထာဝရပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။
မိတ်ဆွေ သင်ဟာစစ်မှန်တဲ့ စီးပွားဖက်ကို ရှာဖွေနေပါသလား။ ပျော်ရွှင်ဖွယ်ရာတွေ လွှမ်းခြုံထားတဲ့ လုပ်ငန်းခွင်မျိုးကို ရှာဖွေနေပါသလား၊ သင့်မိသားစုဘဝနဲ့ သဟဇာတဖြစ်နေတဲ့အရာကို ရှာဖွေနေပါသလား၊ လူ့အဖွဲ့အစည်းနဲ့ သဘာဝကျကျ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေရှိမှု၊ သာယာနာပျော်ဖွယ်ကောင်းသောဘဝမျိုးကို ရှာဖွေနေပါသလား၊ဒါတွေအားလုံးအတွက် အဖြေကတော့ လိုက်ဖက်ညီသောဘဝ၊ တွဲဖက်ညီသော NEW ERA ပါပဲ
New Era Health Industry (Group) Co., Ltd ကို ၁၉၉၅ ခုနှစ် မတ်လတွင် တည်ထောင်ခဲ့သည်။ CHINA NEW ERA SHARE CONTROL (GROUP) ကုမ္ပဏီ၏ အမာခံစက်မှုလုပ်ငန်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ မြင့်မားသော နည်းပညာသစ် လုပ်ငန်းမျိုးဖြစ်ပြီး နိုင်ငံတော်စက်မှုနှင့် ကုန်သွယ်ရေးဌာနတွင် မှတ်ပုံတင်ထားသည်။
ရုံးချုပ်သည် တရုတ်နိုင်ငံပေကျင်းမြို့တော်တွင် ရှိပြီး မှတ်ပုံတင်ထားသော ရင်းနှီးမတည်ငွေမှာ တရုတ်ယွမ်ငွေ သန်း၁၀၀ ဖြစ်သည်။ လုပ်ငန်းတူနယ်ပယ်တွင် တစ်ခုတည်းသော နိုင်ငံတော်အစိုးရမှ ရှယ်ယာထိန်းထားသော ကျန်းမာရေး ထိန်းသိမ်းသည့်လုပ်ငန်းဖြစ်သည်။
အဆင့်မြင့်နည်းပညာသုံး လုပ်ငန်းအဖွဲ့အစည်း ဖြစ်ပြီး ကျန်းမာရေးနှင့် ပတ်သက်သည့် စက်မှုလုပ်ငန်းအဖြစ် ဦးတည်လုပ်ကိုင်သည်။ ရာစုဟောင်း စီးပွားရေးလုပ်ငန်းမှသည် အမျိုးသားစက်မှုလုပ်ငန်း ကြီးပွားတိုးတက်ရေးကို ဦးတည်ပြီး လူသားထုတစ်ရပ်လုံး ကျန်းမာခြင်းဆိုသည့် အကျိုးကျေးဇူးကို ရရှိစေရန် ဦးဆောင်လမ်းပြအဖြစ် လုပ်ဆောင်ရန်သန္နိဋ္ဌာန်ချထားသည်။
New Era Health Industry (Group) သည် စတင်တည်ထောင်သည့်နေ့မှစ၍ စဉ်ဆက်မပြတ် စူးစမ်းရှာဖွေမှုကိုကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တရုတ်တိုင်းရင်းဆေးဝါးအသင်း၏ အဖွဲ့ဝင်၊ ပေကျင်း ရိဟွာအသင်း၏ အမြဲတမ်း ကောင်စီဝင်ရာထူး၊ တရုတ်နိုင်ငံ ကျန်းမာရေး ကာကွယ်စောင့်ရှောက်ရေးအသင်း၏ ဒု-ကောင်စီဝင်ရာထူး၊ တရုတ်နိုင်ငံစားသောက်ကုန်ပစ္စည်းနှင့် ပတ်သက်သည့် သုတေသနအဖွဲ့၏ အဖွဲ့ ဥက္ကဋ္ဌရာထူး၊ အစရှိသဖြင့် တစ်ခုပြီးတစ်ခုရရှိခဲ့သည်။ ၎င်းအပြင် "လုပ်ငန်းအပေါ်ယုံကြည်မှုအဆင့် AAA"၊ တရုတ်နိုင်ငံအန္တရာယ်ကင်းစားသောက်ကုန် လုပ်ငန်းကြီး၁၀ခု စာရင်းဝင်၊ တရုတ်နိုင်ငံအန္တရာယ်ကင်းစားသောက်ကုန်အဖွဲ့အစည်းမှ လူ့အဖွဲ့အစည်းပေါ် တာဝန်အသိရှိဆုံးလုပ်ငန်း အစရှိသည့်ဂုဏ်ထူးဘွဲ့ထူးများရရှိထားသည်။ တရုတ်နိုင်ငံ အာကာသဆိုင်ရာလုပ်ငန်းနှင့် ပူးပေါင်းလုပ်ဆောင်သည့် ကုမ္ပဏီအနေဖြင့်New Era Health Industry (Group) ၏ ထုတ်ကုန်ပစ္စည်းများသည် အာကာသအတွင်းအသုံးပြုရန်အတွက် အရည်အသွေးမြင့်မားမှုသည် လုပ်ငန်း၏အသက်ဖြစ်ကြောင်း သိရှိခံယူထားသည်။ 2010ခုနှစ် အောက်တိုဘာ 8 ရက်တွင် New Era Health Industry (Group) မှထုတ်သော ကုန်ပစ္စည်းများသည် နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေး ဗဟိုဌာန၏ ကုန်အမှတ်တံဆိပ်ဌာနမှ "တရုတ်နိုင်ငံ၏နာမည်ကျော်ကြားသော ကုန်အမှတ်တံဆိပ်" အဖြစ်လည်းကောင်း " တရုတ်နိုင်ငံ၏လူသိများသောအမှတ်တံဆိပ်" အဖြစ်လည်းကောင်း တရားဝင် အသိအမှတ်ပြုခြင်းခံရသည့်အပြင် အခြားဂုဏ်ထူးဘွဲ့ထူးများကိုလည်း ထပ်မံလက်ခံရရှိခဲ့ပါသည်။ ၎င်းသည် မရေမတွက်နိုင်သော သုံးစွဲသူများ၏ တစ်ဆင့်စကားတစ်ဆင့် လက်ကမ်းမှု၊ ယုံကြည်အားထားခြင်း၊ ကြာရှည်ထိန်းသိမ်းထားမှုတို့၏ အကျိုးရလာဒ်များပင်ဖြစ်သည်။ NEW ERA ၏ နှစ်ကာလ အတော်ကြာ ကြိုးစားအားထုတ်မှု၏ ဆုလာဘ်ပင်ဖြစ်သည်။ တရုတ်နိုင်ငံ အစိုးရမှ လုပ်ငန်းအမှတ်တံဆိပ်အပေါ်ပေးအပ်သော အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ဖြစ်ပါသည်။
New Era Health Industry (Group) သည်ထုတ်ကုန်ပစ္စည်း၏ ထူးခြားကောင်းမွန်သည့် အရည်အသွေးကြောင့် လူ့ဘောင်အဖွဲ့အစည်း အသီးသီး၏ မြင့်မားသော အသိအမှတ်ပြုမှုကို ရရှိထားသည်။ အကြိမ်ကြိမ် ကျင်းပခဲ့သော အန္တရာယ်ကင်း စားသောက်ကုန်နှစ်ပတ်လည် အခမ်းအနားများတွင် ကြိမ်ဖန်များစွာပင် "တရုတ်နိုင်ငံအန္တရာယ်ကင်းစားသောက်ကုန် နှစ်ပတ်လည်အစည်းအဝေးမှ သတ်မှတ်ပေးသော လူသုံးကုန်ပစ္စည်း " အဖြစ် သတ်မှတ် ရွေးချယ်ခြင်းခံရသည်။
New Era Health Industry (Group) သည် ယခုအခါတွင် ကုန်ကြမ်းပစ္စည်း လက်ခံဝယ်ယူသည့် ဌာနကို ပြည်တွင်းတွင် (၁၂) ခုကျော် ထူထောင်ထားသည်။ မျက်မှောက်ကာလတွင် ဌာနအသီးသီး၏ ကုန်ပစ္စည်းဝယ်ယူလက်ခံသည့် စွမ်းအားမှာ လုပ်ငန်းကြီး အရှိန်အဟုန် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်သည်။ ထိုသို့ ကုန်ကြမ်းပစ္စည်းလက်ခံဝယ်ယူသည့် နေရာဌာနတည်နေရာကိုရွေးချယ်စဉ်တွင် New Era Health Industry (Group) သည် ၎င်းဒေသဇီဝလက္ခဏာနှင့် ပထဝီ အနေအထားကို အထူးပင်အလေးထားသည်။ ဌာနများအားလုံးကို ဝေးလံခေါင်သီသောတောင်ပေါ်ဒေသ၊ မြို့ပြနှင့်ဝေးကွာပြီး ယာဉ်သွားလမ်းနှင့်ဝေးသော ဒေသတို့တွင် ဖြန့်ကျက်နေရာချထားသည်။ လက်ခံဝယ်ယူစဉ်တွင် New Era Health Industry (Group) သည်တောင်သူများအား သင်တန်းပို့ချပေးသည်။ ဆွတ်ခူးသည့် အရည်အသွေးစံမှီအောင် အားဖြည့်ပေးရန်၊ ကုန်ကြမ်းပစ္စည်းများကို အမျိုးအစားခွဲ၍ သိုလှောင်ထိန်းသိမ်းရန် သင်တန်းများ ပို့ချပေးသည်။ အဆင့်အလိုက် စနစ်တကျ စီမံအုပ်ချုပ်သည်။ ဝယ်ယူသည့် ကုန်ကြမ်းပစ္စည်းတိုင်းကို ကျန်းမာရေးနှင့် ကိုက်ညီသော၊ အာဟာရနှင့် ကိုက်ညီသော လျာထားချက်စံချိန်စံညွှန်းအတိုင်း စစ်ဆေးမှုပြုလုပ်သည်။ အရည်အသွေး စံချိန်စံညွှန်းကိုက်ညီသော ကုန်ကြမ်းမှသာ စက်ရုံသို့တင်သွင်းအသုံးပြုသည်။ မူလအရင်းအမြစ်မှစ၍ ကုန်ပစ္စည်းအရည်အသွေး အထိ အာမခံထားနိုင်သည်။
NEW ERA ၏ ထင်းရှူးဝတ်မှုန်ထုတ်လုပ်မှု အရည်အသွေးသည် အခြားသောကုမ္ပဏီများထက် သာလွန်ကောင်းမွန်ပြီး နိုင်ငံတော်၏ စံသတ်မှတ်ထားသော စာရင်းတွင်ပါဝင်သည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ထင်းရှူးပန်းဝတ်မှုန်ထုတ်လုပ်မှုအရည်အသွေး စံချိန်စံညွှန်း (GH/T 1030-2004) ကောင်းမွန်စေရန် နိုင်ငံတော်၏သက်ဆိုင်ရာဌာနမှ New Era Health Industry (Group) ကိုဦးဆောင်၍ အကောင်အထည်ဖော်လုပ်ကိုင်ရန် တရားဝင်လွှဲအပ်ခြင်းခံရသည်။ ယခုအချိန်တွင် New Era Health Industry (Group) မှ နှစ်စဉ် လက်တွေ့လက်ခံဝယ်ယူနေသည့် ထင်းရှူးပန်းဝတ်မှုန်ကုန်ကြမ်းပစ္စည်း အမျိုးအစားတိုင်း၏ အရည်အသွေးမှာ (Pine Pollen လုပ်ငန်းစံချိန်) သတ်မှတ်လျာထားတောင်းဆိုချက်များထက် ပို၍ပင်မြင့်မားနေသေးသည်။ ကုန်ကြမ်းမှ စ၍စနစ်တကျ စိုက်ပျိုးဆွတ်ခူးခြင်းကြောင့် ထင်းရှူးပန်းဝတ်မှုန်ထုတ်လုပ်မှုအရည်အသွေး စံချိန်စံညွှန်းကို သေချာစေပြီး ထိပ်တန်းနေရာတွင် ရပ်တည်နိုင်ခြင်းဖြစ်သည်။
New Era Health Industry (Group) သည် သုတေသနနှင့် ဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်ရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်သော အကောင်းဆုံးအဆီအနှစ်များကို ရွေးချယ်ထုတ်ယူခြင်း ဟူသောအတွေးအခေါ်ကို လမ်းညွှန်ပြသထားသည်။ စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်း၏ ခေတ်မီနည်းစနစ်များကို အသုံးပြု၍ တည်ဆောက်ထားသော သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနသည် သဘာဝအာဟာရအားဖြည့် ကျန်းမာရေးအထောက်အကူပြု အစားအစာ၊ အာဟာရဖြည့်စွတ်အစားအစာ၊ အလှကုန်များ၊ တစ်ကိုယ်ရေ သန့်စင်မှုသုံး လူသုံးကုန်ပစ္စည်းများ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၏ အခြေခံကျသော ကျန်းမာရေးနှင့် ကိုက်ညီမှုရှိရန်နှင့် အတွင်းကျကျ အနုစိတ်သုတေသန ပြုဆောင်ရွက်လျက်ရှိသည်။
New Era Health Industry (Group) သည် ဓာတ်ခွဲခန်းသုံး ပစ္စည်းကိရိယာများနှင့် သက်ဆိုင်ရာ သုတေသနနှင့် စမ်းသပ်ခန်းသုံး ပစ္စည်းကိရိယာများကို ပထမတန်းစားများ အပြည့်အစုံ အသုံးပြုထားသည်။ ထိတ်တန်းအဆင့်မြင့် သုတေသနနှင့် ဖွံ့ဖြိုးရေးပညာရှင် အဖွဲ့ကို နိုင်ငံတကာနှင့် ပြည်တွင်းမှ ပထမတန်းစား သုတေသနပညာရှင်များနှင့် ပါမောက္ခများကို ခေါ်ယူခန့်အပ်ထားပြီး ပြည့်စုံကျယ်ဝန်းသော ဓာတ်ခွဲစမ်းသပ်ခန်းများလည်းထားရှိသည်။ ထို့ပြင် ပြည်တွင်းပြည်ပမှ သုတေသနဆိုင်ရာ အဖွဲ့အစည်းများ၊ များစွာသော တက္ကသိုလ်များနှင့်ချိတ်ဆက်ကာ အနီးကပ်ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။
ဥပမာအားဖြင့် - သြစတြီးယားနိုင်ငံ ဗီယန်နာမှ သိပ္ပံနှင့် အစားအစာတက္ကသိုလ်၊ ဂျာမနီနိုင်ငံ မြူးနစ်မြို့ရှိ အင်ဂျင်နီယာနည်းပညာတက္ကသိုလ်များနှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းလုပ်ကိုင်လျက်ရှိပြီး ပြည်တွင်းမှ ထင်ရှားသည့်အဖွဲ့အစည်းဖြစ်သည့် ပေကျင်းတက္ကသိုလ်၊ ပေကျင်းနည်းပညာနှင့် စီးပွားရေးတက္ကသိုလ်၊ တရုတ်နိုင်ငံ အသီးအရွက် စက်မှုနည်းပညာ သုတေသနဌာန၊ ပေကျင်းတက္ကသိုလ်၏ တရုတ်တိုင်းရင်းဆေးဝါးဌာန၊ တရုတ်တိုင်းရင်းဆေးဝါးသိပ္ပံ အကယ်ဒမီ၊ တရုတ်စိုက်ပျိုးရေးနည်းပညာသိပ္ပံ အကယ်ဒမီ၊ZHEJIANG တက္ကသိုလ်၊ ယန့်ထိုင်တက္ကသိုလ်နှင့် အဆင့်မြင့်သိပ္ပံ အကယ်ဒမီကျောင်းများနှင့်လည်း ပူးပေါင်း၍ စက်မှုလုပ်ငန်းတည်ထောင်ခြင်း၊ ထုတ်ကုန်နှင့်နည်းပညာပိုင်းတွင် အခြေခံကျကျ အားသွန်ခွန်စိုက် သုတေသနပြုလုပ်ဆောင်လျက်ရှိသည်။ထို့ပြင် အမေရိကန်၊ ပြင်သစ်နှင့် ဗြိတန်တို့မှ နိုင်ငံတကာလူသိများသော အလှကုန်ပစ္စည်းအတွက် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြုထားသည်။
ယခုအခါတွင် NEW ERA HEALTH INDUSTRY(GROUP)သည် တရုတ်နိုင်ငံ၏ တရုတ်ဆေးဝါးဆိုင်ရာအဖွဲ့အစည်း၏အဖွဲ့ဝင်၊ တရုတ်ရိုးရာ တိုင်းရင်းဆေးဝါးဆိုင်ရာ အဖွဲ့အစည်း၏ တာဝန်ရှိသူ၊ ပေကျင်းအာဟာရဗေဒဆိုင်ရာအဖွဲ့အစည်း၏ဒုဥက္ကဋ္ဌ၊ ပေကျင်းနေ့စဉ်သုံး ဓာတုဗေဒဆိုင်ရာပစ္စည်းများနှင့် ပတ်သက်သည့် အဖွဲ့အစည်း၏ အမှုဆောင်ဒုဥက္ကဋ္ဌ ၊ပေကျင်းနေ့စဉ်သုံး ဓာတုဗေဒဆိုင်ရာပစစ္စည်းများနှင့် ပတ်သက်သည့် အဖွဲ့အစည်း၏ ရုပ်ပိုင်းဆိုင်ရာ ဆေးဝါးနှင့် အရေပြားကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှုနှင့် နည်းပညာကော်မတီတွင်အဖွဲ့ဝင်၊ တရုတ်နိုင်ငံ မူပိုင်ခွင့်မှတ်ပုံတင်ဌာနတွင် တာဝန်ရှိသူ၊ ဉာဏ်ပညာဖြင့် တီထွင်ဖန်တီးမှု မူပိုင်ခွင့် သုတေသနဌာန၏ ပူးပေါင်းအဖွဲ့ဝင်လည်းဖြစ်သည်။ ထို့ကဲ့သို့ သုတေသနာဆိုင်ရာအဖွဲ့အစည်းကြီးများနှင့် ပူးပေါင်းလုပ်ကိုင်ခြင်းကြောင့် NEW ERA HEALTH INDUSTRY(GROUP)သည် ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာဆိုင်ရာသုတေသန၊ အခြေခံသုတေသနလုပ်ငန်းနှင့် ဆန်းသစ်တီထွင်ခြင်းနည်းပညာတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလျက်ရှိနေပြိဖြစ်သည်။
NEW ERA HEALTH INDUSTRY(GROUP)သည်လူ့ခန္ဓာကိုယ်အတွက်အကျိုးပြု အစားစာတွဲများဖြစ်သည့် ထင်းရှူးပန်းဝတ်မှုန်၊ ဝါးရွက်၏ အဆီအနှစ်နှင့် နှမ်းကြတ်အဆီများကို အဆင့်မြင့်နည်းပညာနှင့် ဖွံ့ဖြိုးရေးဌာနများနှင့်အတူ စီစဉ်ဆောင်ရွက်ပေးနေသည့် တရုတ်နိုင်ငံ၏ 863 အမှတ်တံဆိပ် အဆင့်မြင့်နည်းပညာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် "ထင်းရှူးပန်းဝတ်မှုန်၊ဝါးရွက်၏အဆီအနှစ်၊ ခန္ဓာကိုယ်အတွက် အသုံးဝင်သောအဆီများကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး နှလုံးသွေးကြော လုပ်ဆောင်မှုကို မြှင့်တင်ပေးသည့် အစားအစာများကို ထုတ်လုပ်ပြီး စက်မှုလုပ်ငန်းကို တိုးတက်စေမည်" ဟူသော အကြောင်းအရာကို လက်ကိုင်ထားပြီး ဆောင်ရွက်လျက်ရှိသည်။
ထင်းရှူးပန်းဝတ်မှုန်ကို အခြေခံထုတ်လုပ်သော ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးသည် တရုတ်နိုင်ငံ၏ စိတ်အားထက်သန်မှုရှိသည့် အစီအစဉ် စီမံကိန်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ လက်ရှိအချိန်တွင် NEW ERA HEALTH INDUSTRY(GROUP) တွင် နည်းပညာ စွမ်းအင် အပြည့်အဝ အသုံးပြုနိုင်သော ဌာန၊ စက်မှုဆိုင်ရာ ဝတ်မှုန် သုတေသနဌာနများနှင့် များစွာသော နည်းပညာ သုတေသနရလဒ်များကို သိုမှီးထားခြင်း၊ ဝတ်မှုန်ကို ရွေးချယ် သန့်စင်ဖယ်ထုတ်နိုင်သည့် ဆန်းသစ်တီထွင်မှု နည်းပညာကို မူပိုင်ခွင့် မှတ်ပုံတင်ရရှိခြင်း၊ နှမ်းကြတ်စေ့အဆီကို အအေးဖိအားဖြင့် သန့်စင်ချက်လုပ်သည့်နည်းပညာ၊ ထင်းရှုးပန်းဝတ်မှုန်တွင် လှုံ့ဆော်မှုကို ဆန့်ကျင်ပြီး အောက်ဆီဂျင်၏ ဓာတ်တိုးမှုကို တားဆီးပေးသည့် နည်းပညာကို အသုံးပြုခြင်း စသည့်ဖြင့် ပြည်တွင်းသာမက ပြည်ပတွင်ပါ အထက်ပါ သုတေသနလုပ်ငန်းများကို ထိပ်တန်း သုတေသနပညာရှင်များမှ လုပ်ဆောင်လျက်ရှိနေပါသည်။
2013 ခုနှစ် နှစ်ကုန်ပိုင်းတွင် NEW ERA HEALTH INDUSTRY(GROUP) တွင် မူပိုင်ခွင့် မှတ်ပုံတင်ထားသည့်အရာမှာ 145 ခုရှိပြီး ၎င်းတွင် တီထွင်ဆန်းသစ်မှု မူပိုင်ခွင့် 70 ခုရှိသည်။ ထို့ပြင် တရားဝင်ခွင့်ပြုချက်ရရှိထားပြီး ဖြစ်သည့် မူပိုင်ခွင့် 107 ခုတွင် တီထွင်ဆန်းသစ်မှုဆိုင်ရာ နည်းပညာမူပိုင်ခွင့် 64ခုရရှိထားပြီးဖြစ်သည်။
YAN TAI NEW ERA HEALTH INDUSTRY စက်မှုဇုံ သည် NEW ERA HEALTH INDUSTRY(GROUP) ၏ ကုန်ပစ္စည်းများ ထုတ်လုပ်သည့် စက်မှုဇုံဖြစ်သည်။ JIAO DONG ကျွန်းရှိ ယန့်ထိုင်ဒေသတွင် တည်ရှိသည်။ တောတောင်၊ ပင်လယ်များ ဝန်းရံထားသဖြင့် လတ်ဆက်သော လေကောင်းလေသန့်များရရှိသည်။ ဇုံအတွင်း သန့်ရှင်းသပ်ရပ်ပြီး နည်းစနစ်ကျသည်။ NEW ERA HEALTH INDUSTRY စက်မှုဇုံတွင် သုတေသနပြုခြင်း၊ ကုန်ထုတ်လုပ်ခြင်း၊ ရုံးခန်း၊ ကုန်စည်စီးဆင်းခြင်း တို့ကို တပေါင်းတစည်းတည်းပြုလုပ်ထားသည်။ ကျန်းမာရေးထိန်းသိမ်းသည့် အာဟာရဖြည့် စားသောက်ကုန်များ ထုတ်လုပ်သည့်ဌာနနှင့် နေ့စဉ်သုံးအလှကုန်ပစ္စည်းများ ထုတ်လုပ်သည့်ဌာနရှိသည်။ NEW ERA စက်မှုဇုံသည် JIAO DONG ဒေသတွင် အကြီးဆုံးသော နေ့စဉ်သုံးပစ္စည်းများထုတ်လုပ်သည့်စက်ရုံလည်းဖြစ်သည်။
2012 ခုနှစ် မတ်လ 9 ရက်တွင် NEW ERA HEALTH INDUSTRY စက်မှုဇုန်ရှိ ဇုန်သစ်ကို ကြီးကျယ်ခမ်းနားစွာဖြင့် အုတ်မြစ်ချခဲ့သည်။ ထိုစီမံကိန်းအတွက် ရင်းနှီး မြှုပ်နှံမှုငွေမှာ စုစုပေါင်း တရုတ်ယမ်ငွေသန်း 2000 ဖြစ်ပြီး ဆောက်လုပ်ရေး ဧရိယာ မှာ 35.23 M2 ဖြစ်သည်။ စက်ရုံနယ်မြေကို ခေတ်မီပြီး နိုင်ငံတကာစံချိန်မီ ( GMP) သတ်မှတ်ချက် ပန်းခြံပုံစံ စက်ရုံနယ်မြေအဖြစ် စီမံကိန်းချပြီး ဆောက်လုပ်သွားမည်ဖြစ်သည်။ ဇုန်အတွင်းတွင် ကုန်ပစ္စည်းအချောကိုင်သည့်ဌာန၊ နည်းပညာသုတေသနဗဟိုဌာန၊ အရည်အသွေးစစ်ဆေးမှုဗဟိုဌာန၊ ကုန်စည်စီးဆင်းသိုလှောင်သည့်ဗဟိုဌာန စသည်တို့ကို ဆောက်လုပ်သွားမည်ဖြစ်သည်။ ဆောင်လုပ်မှုပြီးမြောက်သွားပါက နိုင်ငံတကာမှ ဦးစားပေးမှုရရှိထားသော ထင်းရှုးပန်းဝတ်မှုန် စသည့် အာဟာရဖြည့် ကျန်းမာရေး ထိန်းသိမ်းပေးသည့် ကုန်ပစ္စည်းနှင့် နေ့စဉ်သုံးပစ္စည်းတို့၏ အချောကိုင်မှုစွမ်းအားကို မြှင့်တင်မည်ဖြစ်သည်။ 2020 ခုနှစ်အထိ ကြိုတင်တွက်ချက်ထားသော ကုန်ထုန်လုပ်မှုတန်ဖိုးမှာ တရုတ်ယွမ်ငွေ သန်းပေါင်းသုံးထောင်အထက်ဖြစ်သည်။
ကုမ္ပဏီအုပ်စုကြီး၏ ယခုအချိန်ရှိ စုစုပေါင်း ငွေပင်ငွေရင်းမှာ သန်း 50000 ကျော်ဖြစ်သည်။ လုပ်ကိုင်နေသော လုပ်ငန်းအမျိုးအစား (၆) ခုရှိသည်။ ၎င်းတို့မှာ စစ်လက်နက်ပစ္စည်း၊ အီလက်ထရောနစ်၊ မဟာဗြူဟာမြောက်သော ရင်းနှီးမြှပ်နှံမှု၊ အိမ်ခြံမြေ၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်း၊ စွမ်းအင်ချွေတာခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းတို့ဖြစ်သည်။ ရာချီနီးပါးရှိသော အပြည့်အဝရင်းနှီးမှု၊ Share Control ရှယ်ယာပါဝင်မှု စသည့်ကြီးမားသော စစ်ရေးစက်မှုလုပ်ငန်းအုပ်စုနှင့် နိုင်ငံရပ်ခြားအထိရောက်ရှိလုပ်ကိုင်နေသော ကုမ္ပဏီများရှိပြီးဈေးကွက် ပြန့်မှုမှာ ပြည်တွင်းမှပြည်ပအထိ နေရာအသီးသီး သို့ရောက်ရှိထားသည်။
အရည်အသွေးသည် လုပ်ငန်း၏အသက်ဆိုသည့်အတိုင်း NEW ERA HEALTH INDUSTRY(GROUP)သည် စားသောက်ကုန် အန္တရာယ် ကင်းရှင်းရေးနှင့် ထုတ်ကုန်ပစ္စည်း၏ အရည်အသွေးကို ပထမနေရာတွင်ထားရှိသည်။ ကုန်ပစ္စည်း၏ အရည်အသွေး စီမံခန့်ခွဲမှု ကို အဘက်ဘက်မှ အကောင်အထည်ဖော်လုပ်ဆောင်သည်။ ကုန်ကြမ်း ပစ္စည်းရွေးချယ်ခြင်းမှစ၍ ထုတ်လုပ်အချောကိုင်ခြင်း၊ ကုန်ပစ္စည်းသယ်ပို့ခြင်း၊ ရောင်းချခြင်း စသည့်ကွင်းဆက်တိုင်းတွင် ကုန်ပစ္စည်းအရည်အသွေးကို တင်းတင်းကျပ်ကျပ် ကြီးကြပ်ထိန်းသိမ်းထားသည်။ (ISO 9001) ကုန်ပစ္စည်း အရည်အသွေးကို ထိန်းသိမ်းသည့်စနစ်နှင့်(HACCP) အန္တရာယ်ကင်းစားသောက်ကုန် ထိန်းသိမ်းရေးစနစ်၏ အကျိုးဖြစ်ထွန်းမှုကို လက်တွေ့ အကောင်အထည် ဖော်ကျင့်သုံးသည်။ ထုတ်လုပ်နေစဉ်တွင် အရည်အသွေးနှင့်ဆိုင်သောအဓိကကျသည့် အပိုင်းအားလုံးမှာ စံချိန်မီကိုက်ညီသည်။ ထုတ်လုပ်မှု ဖြစ်စဉ်တစ်ခုလုံးကို အကျိုးရှိစွာ ထိန်းထားနိုင်ပြီး ဝယ်ယူသုံးစွဲသူများအတွက် ကုန်ပစ္စည်းအရည်အသွေး ထောက်ပံ့မှုပေးနိုင်ရန် အာမခံချက်ရှိသည်။
NEW ERA HEALTH INDUSTRY(GROUP)သည် ကုန်ပစ္စည်း၏ အရည်အသွေးကို အထူးပင်အလေးထား၍ ထိန်းသိမ်းလုပ်ဆောင်လျက်ရှိသည်။ အန္တရာယ်ဖြစ်စေမှုအပေါ် ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အဓိက ထိန်းသိမ်းထားရမည့် အချက်တို့ကို လုပ်ငန်းအစီအစဉ်အလိုက် အရေးကြီးသောအချက်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးထိန်းသိမ်းပြီး ကုန်ပစ္စည်းအန္တရာယ်ကင်းရှင်းရေးကို အာမခံထားသည်။ စံချိန်မမီသော အရည်အသွေး မပြည့်မီသော ကုန်ချောပစ္စည်းများကို ဈေးကွက်တွင်းသို့ လုံးဝမသွင်းပါ။ အရည်အသွေး စစ်ဆေးရာတွင် ခက်ခဲသော အချက်နှင့် အဓိက ကျသောအချက်များကို သက်ဆိုင်ရာ ဌာနတို့နှင့် အတူတကွ ပူးပေါင်းပြီး အရည်အသွေး စစ်ဆေးသည့် QC အုပ်စုငယ်လေးများ ဖွဲ့စည်းပြီး ထုတ်လုပ်မှုတွင် တွေ့ကြုံရသည့် လက်တွေ့ခက်ခဲမှုများကို ဖြေရှင်းပေးသည်။
ထုတ်လုပ်သည့် ကုန်ပစ္စည်းတိုင်းကို ကုန်ကြမ်းမှစ၍ စံချိန်မီသော စက်ရုံထွက်ကုန်ပစ္စည်း ဖြစ်မြောက်သည်အထိ အသေးစိတ် ထုတ်လုပ်မှုနှင့် စစ်ဆေးမှု မှတ်တမ်းများ ပြုစုထားသည်။ မှတ်တမ်းများကို ကုန်ပစ္စည်းအရည်အသွေး အာမခံကာလ တစ်နှစ်ပြည့်မီ ပြီးသည်အထိ သိမ်းဆည်းထားသည်။ စက်ရုံမှထွက်သည့် ကုန်ပစ္စည်းတိုင်း ကုန်ပစ္စည်းအရည်အသွေး အာမခံကာလ တစ်နှစ် ပြည့်လွန်သည်အထိ Sample ချန်ထားပြီး စောင့်ကြည့်သည်။ အရည်အသွေး အန္တရာယ် ကင်းရှင်းရေး ရေသောက်မြစ် ရှာဖွေသည့် စနစ်ပုံစံဖြစ်သည်။
NEW ERA HEALTH INDUSTRY(GROUP) တွင် နောက်ဆုံးပေါ်ခေတ်မီ စက်ရုံနှင့် စမ်းသပ်စစ်ဆေးသော အဆင့်မြင့် စက်ပစ္စည်းများကို အသုံးပြု၍ ကျန်းမာရေးအထောက်အကူပြု စားသောက်ကုန် နှင့် နေ့စဉ်သုံးပစ္စည်းများကို ထုတ်လုပ်လျက်ရှိသည်။GMP, HACCP, ISO9001, ISO14001, OHSAS 18001 နှင့် Export စားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်း၏ သက်ဆိုင်ရာရုံးဌာနများ၏ စစ်ဆေးပြီး မှတ်တမ်းတင်အသိအမှတ်ပြု လက်မှတ်များ ရရှိအောင်မြင်ပြီးဖြစ်သည်။ အဆိုပါ အသိအမှတ်ပြုလက်မှတ်များသည် ထုတ်ကုန်ပစ္စည်း၏အရည်အသွေး၊ အန္တရာယ်ကင်းရှင်းသော စားသောက်ကုန်၊ ဘေးပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်ခြင်းစသည့် အထွေထွေစီမံခန့်ခွဲခြင်းစနစ်များ အောင်မြင်စွာ ဖွဲ့စည်းထူထောင်ပြီးစီးခြင်း သဘောကို ဆောင်နေခြင်းဖြစ်သည်။
NEW ERA HEALTH INDUSTRY(GROUP) သည် စတင်တည်ထောင်သည့် အချိန်မှစ၍ ဓာတ်ခွဲခန်းစမ်းသပ်ခန်းတည်ဆောက်မှုကို တောက်လျှောက်အလေးထားလာခဲ့သည်။ ဗဟိုဓာတ်ခွဲခန်းစမ်သပ်ခန်းသည် တရုတ်နိုင်ငံ စံချိန်စံညွှန်းကိုက်ညီမှုဝေဖန် ဆန်းစစ်ရေးကောင်စီ (CNA) မှ ချီးမြှင့်ပေးသော ဓာတ်ခွဲစမ်းသပ်ခန်း အသိအမှတ်ပြုလက်မှတ်ကို ရရှိထားသည်။ NEW ERA HEALTH INDUSTRY(GROUP)၏ ဗဟိုဓာတ်ခွဲစမ်းသပ်ခန်းအား အသိအမှတ်ပြုသည့်အချက်များပါဝင်သည့် စမ်းသပ်စစ်ဆေးသည့် report ကို ILAC-MRA/CNAS နိုင်ငံတကာ အပြန်အလှန် ပူးပေါင်း အသိအမှတ်ပြုသည့်အချက်များတွင်လည်း သုံးနိုင်သည်။ စမ်းသပ်စစ်ဆေးသည့် ကိန်းဂဏန်းများမှာ အမေရိကန်၊ ဂျပန်၊ ဂျာမနီစသည့် နိုင်ငံတကာစမ်းသပ်ခန်းပေါင်း 47 ခုမှ အပြန်အလှန် အသိအမှတ်ပြုအဖွဲ့အစည်း၏ အသိအမှတ်ပြုချက်များကိုပါ ရရှိထားသည်။
ကျန်းမာပျော်ရွင်သောဘဝများအတွက် ပင်မအရင်းအမြစ် " Guozhen" ကိုတရုတ်ဘာသာဖြင့် တိုက်ရိုက်အဓိပ္ပာယ်ပြန်ဆိုချက်မှာ - " နိုင်ငံ့ရတနာ" ဖြစ်ပြီး၊ အဓိကတန်ဖိုးများဖြစ်သည့် " သဘာဝ၊ နည်းပညာနှင့် ဟန်ချက်ညီမှု" တို့ပေါင်းစပ်ထည့်သွင်းထားကြောင်း တရုတ်ပညာရှိကြီးများက ဖွင့်ဆိုဖော်ညွှန်းသည်။ လွန်ခဲ့သော နှစ်ပေါင်း 5000 ကျော်ကပင် ကျင့်သုံးခဲ့သည့် တရုတ်ရိုးရာ အစားအစာဖြင့် ရောဂါကုသသည့် ကုထုံး ယဉ်ကျေးမှုကို အမွေဆက်ခံသည်။ ၁၉၉၅ ခုနှစ်တွင် " Guozhen" ကျန်းမာရေးအထောက်အကူပြုကုန်ပစ္စည်းများကို စတင်ဖန်တီးထုတ်လုပ်ခဲ့ပြီး သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ စိတ်ဓာတ်နှင့် NEW ERA HEALTH INDUSTRY ၏အရည်အသွေးများပေါင်းစပ်ထားခြင်းကြောင့် နိုင်ငံတကာတွင် လူသိများသော ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်လာပြီဖြစ်သည်။ တစ်ကမ္ဘာလုံးမှ ယုံယုံကြည်ကြည်နှင့်ကောင်းစွာ လက်ခံသုံးစွဲသူများပြားလျက်ရှိသည်။
သစ်ခွပန်းကဲ့သို့ နူးညံ့လှပပြီး သင်းပျံ့သော မွှေးရနံ့နှင့် သဘာဝမှ စွဲမက်နှစ်လိုဖွယ်ကောင်းသော Sharelandအမှတ်တံဆိပ်၏ အဓိကတန်ဖိုးမှာ အသားအရေကို သဘာဝအတိုင်း ထိန်းသိမ်းစောင့်ရှောက် ခြင်းဖြစ်ပြီး သင်ကျန်းမာလှပနေစေရန်အတွက် ဦးတည်ထုတ်လုပ်ထားခြင်းဖြစ်သည်။ ခေတ်မီအဆင့်မြင့် နည်းပညာများကို အသုံးပြုပြီး ကြော့ရှင်းလှပသော၊ ချောမွေ့သော၊ သိမ်မွေ့နူးညံ့သော၊ လန်းဆန်းစေသော စသည့် သဘာဝ၏အနှစ်သာရများ စုစည်းထားပါသည်။ Shareland ကသင့်အတွက်အကောင်းဆုံးသော အလှတရားများကို ဖြန့်ဝေပေးလျက်ရှိနေပါသည်။
သင်မိသားစုအားလုံးအတွက် လန်းဆန်းတက်ကြွမှုနှင့် စွမ်းအင်ကို မျှဝေခြင်း Zhuzhen အမှတ်တံဆိပ်ထုတ်ကုန်များသည် သင့်ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးကို ဂရုတစိုက် စောင့်ရှောက်ရန် ရည်စူးထုတ်လုပ်ထားခြင်းဖြစ်သည်။ အပင်၏အဆီအနှစ်များကို ရွေးချယ်အသုံးပြုထားသည့် Zhuzhen အမှတ်တံဆိပ် နေ့စဉ်သုံး အရည်အသွေးမြင့် ထုတ်ကုန်များအားလုံးသည် ခေတ်မီ အဆင့်မြင့်နည်းပညာများ ကျွမ်းကျင်မှုဖြင့် ထုတ်လုပ်ထားပြီး တစ်ကိုယ်ရေသန့်ရှင်းမှု၊ အိမ်သုံးနှင့် လူသုံးကုန်ပစ္စည်းများက သင့်အတွက် ကျန်းမာခြင်းနှင့် ပျော်ရွှင်ခြင်းတံခါးကို ဖွင့်လှစ်ပေးနိုင်ပါသည်။